တန်ဖိုးမသိသူတစ်ယောက်အတွက် ကိုယ့်အချစ်ကို discount မချလိုက်ပါနဲ့။

စာချစ်သူတို့ရေ………

အသည်းကွဲတာထက် ပိုပြီးဆိုးရွားတဲ့ခံစားချက်က ဘာလဲဆိုတာသိပါသလား။

တိကျတဲ့အဖြေမပေးဘဲ ကိုယ့်ကို ကြိုးရှည်ရှည်လှန်ထားတဲ့ ခံစားချက်တစ်ခုပဲပေါ့။ သူဟာ ကိုယ့်အပေါ် ကတိတွေပေးတယ်။ ဒါပေမဲ့ ဘယ်တော့မှ မတည်ဘူး။ စကားတွေနဲ့သာ အပြောကြီးပြီး လက်တွေ့ကျမဟုတ်ဘူး။ ကိုယ့်အပေါ် တကယ်အာမခံချက်မပေးနိုင်တဲ့ အတွေးတွေသာ မိုးမဆုံး၊ မြေမဆုံး။ သူ့မှာ ကိုယ့်အပြင် နောက်ထပ်ရွေးချယ်စရာတွေရှိလာရင် ထပ်ရှာနေဦးမှာပဲ။ ကိုယ်ဆိုတာ သူ့အတွက် အရံလူ၊ ရွေးချယ်စရာတွေထဲက တစ်ခုသာဖြစ်တယ်။

တကယ်တမ်းစဉ်းစားကြည့်ရင် တခြားလူတစ်ယောက်ရဲ့ဇာတ်လမ်းမှာ ကိုယ်က ဒုတိယနေရာနဲ့ မထိုက်တန်ပါဘူး။ ကိုယ်ဟာ ပထမနေရာရဖို့ ထိုက်တန်ပါတယ်။ ကိုယ်ဟာ သူ့အတွက် တစ်ဦးတည်းသောသူဖြစ်ဖို့လည်း ထိုက်တန်ပါတယ်။ သူ့ရဲ့ပျော်ရွှင်မှုကော ဝမ်းနည်းမှုပါ ဝေမျှတဲ့သူဟာ ကိုယ်ပဲဖြစ်သင့်တယ်လေ။ ကိုယ်ဆိုတာ သူတစ်ပါးရဲ့ဒုတိယရွေးချယ်မှုဖြစ်ဖို့ ဒီလောကကြီးထဲ မွေးဖွားလာတာမဟုတ်ပါဘူး။ ကိုယ်က ရွေးချယ်စရာတစ်ခုထက်ကို ပိုပြီးတန်ဖိုးရှိသူတစ်ယောက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချမပြတ်သားတဲ့သူတစ်ယောက်ဆီကနေ ထွက်သွားလိုက်မယ်။ ကိုယ်ဆိုတာ သူ့နှလုံးသားထဲမှာ မရှိတဲ့လူတစ်ယောက်အတွက် အချိန်ဖြုန်းမနေတော့ဘူး။ ကိုယ်ဆိုတာ သူဘယ်အချိန်ရွေးချယ်ရွေးချယ် အပိုင်ပဲဆိုပြီး အတွက်မခံနိုင်တော့ဘူး။ ကိုယ့်အပေါ်မှာ သူဘာမှရင်းနှီးမြှုပ်နှံမထားရင် သူနဲ့ relationship ကို ဖြတ်လိုက်တာပိုကောင်းပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုယ်က ဘာတွေနဲ့ထိုက်တန်တယ်၊ ကိုယ့်တန်ဖိုးက ဘယ်အပေါ်မှာ မူတည်တယ်ဆိုတာလည်း သိလာမယ်။ သူက ကိုယ့်အပေါ် ဆက်ဆံရေးတွေ ကျဲနေတုန်းပဲဆိုရင် နောက်ထပ် ကိုယ်က သူ့အတွက် အနှောင့်အယှက်တစ်ခု ထပ်မဖြစ်သင့်တော့ဘူးလေ။ ကိုယ့်ကို မင်းသမီးတစ်ပါးလို ခစားပေးမယ့်လူတစ်ယောက်အတွက် အလှဆုံးဖြစ်အောင်နေမယ်။ ဒါကြောင့် ကိုယ့်ကို တန်ဖိုးမထားတဲ့ relationship ကနေ ရုန်းထွက်ပြီး ကိုယ့်တန်ဖိုးကို ပြန်ဆယ်ပါတော့မယ်။

ခံစားချက်လေးတွေ တိုက်ဆိုင်သွားပြီလား။ အားလုံးသိအောင် share ထားလိုက်တော့နော်။