ပျော်ပျော်ရွှင်ရွှင်အရွယ်ရောက်လာဖို့ ကလေးဘဝမှာသင်ယူသင့်တဲ့အရာများ

blank

စာချစ်သူတို့ရေ…..

ဘဝရဲ့ပထမအရွယ်မှာကလေးတွေဟာပတ်ဝန်းကျင်ကအကြောင်းအရာတော်တော်များများ ကိုလက်ခံမှတ်သားကြပါတယ်။ ကလေးရဲ့မှတ်ဉာဏ်ဟာရေမြှုပ်လိုပဲလို့ တချို့လူတွေကပြောကြပါတယ်။ ကလေးဘဝမှာကိုယ်ရည်ကိုယ်သွေးနဲ့ ဘာသာစကားအတွက် မြင်သမျှကြားသမျှတွေကိုမှတ်သားပါတယ်။

ဒါကြောင့် အရွယ်ရောက်လာရင် အရည်အချင်းရှိသူတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကတည်းကအခြေခံလိုအပ်ချက်လေးတွေကိုသင်ကြားပေးဖို့ အရေးကြီးပါတယ်။

၁။ မိခင်ဘာသာစကားအပြင် ဘာသာစကားအသစ်တစ်ခုထပ်လေ့လာခိုင်းပါ။ ဘာသာစကား ၂ မျိုးပြောတတ်တာဟာအသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကိုနှောင့်နှေးစေတယ်လို့သိပ္ပံပညာရှင်တွေကသက်သေပြထားကြပါတယ်။

၂။ ရေကူးသင်ပေးပါ။ ရေကူးတာကဦးနှောက်ကျန်းမာရေးကိုအထောက်အကူပြုကြောင်း တတ်ကျွမ်းသူတွေက အတိအလင်းအတည်ပြုပေးထားပါတယ်။

၃။ တူရိယာတစ်မျိုးမျိုးတီးခတ်တတ်ဖို့ သင်ပေးပါ။ တူရိယာတစ်မျိုးမျိုးတီးခတ်တာဟာအာရုံစူးစိုက်မှု စွမ်းရည်မြင့်တက်စေပြီးမှတ်ဉာဏ်ပျက်စီးမှုကိုနှောင့်နှေးစေနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။

၎။ အကသင်ပေးပါ။ ကခုန်တာဟာဖန်တီးနိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ့်ကိုယ်ကိုယ်ချစ်စိတ်တွေ ပိုမိုအားကောင်းလာအောင် တွန်းအားပေးပါတယ်။

၅။ ကမ္ဘာမြေကိုထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချတတ်အောင်သင်ပေးပါ။

၆။ လူတွေရဲ့ဘဝမှာတစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ မရှိမဖြစ်လိုအပ်တာကြောင့် သန့်သန့်ရှင်းရှင်းနေတတ်အောင် သင်ပေးပါ။

၇။ အတွင်းစိတ်စွမ်းရည်တွေ မြင့်တက်အောင် တွန်းအားပေးပါ။ စိတ်စွမ်းရည်မြင့်မားတာဟာဆုံးဖြတ်နိုင်စွမ်းတွေ တိုးတက်လာစေနိုင်တဲ့ ဦးနှောက်လမ်းကြောင်းကိုကူညီပေးပါတယ်။

၈။ ကလေးတွေနဲ့အတူချက်ပြုတ်ပါ။ အိမ်မှာကလေးတွေနဲ့အတူချက်ပြုတ်စားတာဟာရယ်ဒီမိတ် အစားအစာတွေ စားသောက်တာကိုလျှော့ချပေးပါတယ်။

၉။ အသက်ကြီးလာတာနဲ့အမျှ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတာဝန်ယူစရာတွေ များလာတာကြောင့်ငွေဆိုတာဆုလာဘ်တစ်ခုမဟုတ်ဘဲပစ္စည်းကိရိယာတစ်ခုသာဖြစ်ကြောင်းသင်ကြားပေးပါ။ ငွေဆိုတာစုနေဖို့သက်သက်မဟုတ်ဘဲစနစ်တကျသုံးတတ်ဖို့လည်းလိုအပ်ကြောင်းသင်ကြားပေးပါ။

၁ဝ။ တချို့အခြေအနေတွေက ရှောင်ရှားလို့မရတဲ့ စိတ်မသက်မသာမှုတွေကို ဖြစ်ပေါ်စေတာကြောင့် ခံစားချက်တွေကိုဘယ်လိုခွဲခြားသတ်မှတ်မလဲ၊ ဘယ်လိုလက်ခံမလဲ၊ ဘယ်လိုတုံ့ပြန်မလဲဆိုတာသင်ကြားပေးပါ။ စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကောင်းတာကအခြေအနေအရှုပ်အထွေးတွေကြားထဲမှာသင့်တော်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးပါတယ်။

ကျောင်းမှာကကလေးတွေကိုပညာရေးမှာအကောင်းဆုံးဖြစ်ဖို့၊ စာမေးပွဲအောင်ဖို့၊ သတင်းအချက်အလက်တွေ သိရှိဖို့၊ အများနဲ့နေတတ်ဖို့ သင်ပေးပါတယ်။ အနားယူဖို့၊ ကစားချိန်ပေးဖို့၊ လွတ်လွတ်လပ်လပ်နေဖို့ သင်ပေးရမှာကမိဘတွေရဲ့တာဝန်ပါ။ အိမ်မှာတစ်မိသားစုလုံးနားနားနေနေပျော်ပျော်ရွှင်ရွှင်နေတဲ့အချိန်တွေ ဖန်တီးယူပြီးအလေ့အကျင့်လုပ်ပါ။ မိသားစုပျော်ရွှင်ချိန်တွေဟာစိတ်ဖိစီးမှုတွေကိုလျှော့ချပေးပြီးစိတ်ဖိစီးမှုနဲ့ဆက်စပ်တဲ့ ရောဂါတွေခံစားနေရတာကိုလည်းလျော့နည်းစေပါတယ်။

အထက်ပါအချက်တွေထဲမှာဘယ်အချက်ကအရေးကြီးဆုံးလို့ ထင်ပါသလဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦးနော်။