ရှက်ကြောက်တတ်ပြီး အနေအေးတဲ့ ချစ်သူကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါသလား။

blank

ရှက်ကြောက်တတ်ပြီး အနေအေးတဲ့ ချစ်သူကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါသလား။ ဒါမှမဟုတ် ချစ်သူအဖြစ်ရွေးချယ်တော့မှာလား။ ဒါဆိုရင်တော့ သင်ဒီအချက်လေးတွေကို သိထားသင့်ပါတယ်နော်။

၁။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ကောင်မလေးတွေက လက်တွေ့ကို ပိုမိုယုံကြည်တာကြောင့် သူတို့ရဲ့အချစ်ကိုရဖို့ ချစ်စကားတွေ တတွတ်တွတ်ပြောနေဖို့မလိုပါဘူး။ ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး လိုအပ်တဲ့အခါ ချစ်ခြင်းတွေကို ပြသပေးရင်ပဲ လုံလောက်ပါပြီ။

၂။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ကောင်မလေးတွေက ချစ်သူကောင်လေးတွေနားကပ်ပြီး တီတီတာတာ စကားလေးတွေပြောပြီး ကပ်ချွဲတာမျိုး မူနွဲ့တာမျိုးလေးတွေ ဘယ်တော့မှ မလုပ်တတ်ကြဘူး။

၃။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ကောင်မလေးတွေက လူတစ်ယောက်ကို တော်ရုံနဲ့မချစ်တတ်ဘူး။ ချစ်ပြီဆိုရင်လည်း တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီး ချစ်တတ်ကြတယ်။ ဒါကြောင့် သူတို့အချစ်ကို လှည့်စားဖို့ စဉ်းတောင်မစဉ်းစားလိုက်ပါနဲ့။

၎။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ကောင်မလေးတွေက သင်အမှတ်တမဲ့ပြောလိုက်တဲ့ စကားလေးတွေကိုတောင် အလေးအနက်နားထောင်ပြီး စိတ်ထဲမှာ စွဲမှတ်ထားတတ်ကြပါတယ်။ ပြီးတော့ သင်ရင်ဖွင့်သမျှကိုလည်း လေးလေးစားစား၊ ကြင်ကြင်နာနာ နားထောင်ပေးတတ်ကြပါတယ်။

၅။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ကောင်မလေးတွေက ချစ်သူနဲ့ ဘယ်လောက်ဝေးဝေး၊ စိတ်ချင်းနီးနေပြီး အနားမှာရှိနေသလိုမှတ်ယူထားတတ်ကြတယ်၊ သစ္စာတရားခိုင်မြဲကြတယ်။ ဒါကြောင့် ဒီလိုချစ်သူမျိုး ပိုင်ဆိုင်ထားရရင် စိတ်မချဖြစ်စရာ မလိုပါဘူး။

၆။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ ကောင်မလေးတွေက ကိုယ်တိုင်သာ သီးသန့်ဆန်ပြီး မျိုသိပ်နေတတ်ပေမဲ့ ချစ်သူကောင်လေးကိုတော့ ပွင့်လင်းဖော်ရွေပြီး အပေါင်းအသင်းဆန့်တဲ့သူကိုပဲ ရွေးချယ်တတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ ကောင်မလေးတွေက အရာရာကို သေသေချာချာ စဉ်းစားချင့်ချိန်တတ်တာကြောင့် တစ်ခုခုဆိုရင် သူတို့အတွက် အေးအေးဆေးဆေး စဉ်းစားချိန်ပေးပါ။

၈။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ ကောင်မလေးတွေက ချစ်သူရဲ့စိတ်နေသဘောထား၊ အမူအကျင့်၊ ဘဝအခြေအနေအားလုံးကို နားလည်အောင်ကြိုးစားတတ်တယ်။ ပြီးတော့ ချစ်သူရဲ့အားနည်းချက်၊ အမှားအပြစ်လေးတွေကိုလည်း နားလည်ခွင့်လွှတ်ပေးတတ်ကြတယ်။

၉။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ ကောင်မလေးတွေက သူတို့ယုံကြည်ရသူ၊ သူတို့ချစ်ရသူတွေရှေ့ရောက်ရင်တော့ ထူးထူးခြားခြား ဟာသလေးတွေပြောပြီး နောက်တတ်ပြောင်တတ်ပါတယ်။

၁ဝ။ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ ကောင်မလေးတွေက အချစ်ကိုထုတ်ဖော်မပြောတတ်ပေမယ့် ချစ်သူကို အမြဲပျော်နေတာမြင်ချင်ကြတယ်။ စိတ်ရင်းစေတနာကောင်းမွန်တယ်။ သင့်အနေနဲ့ ဒါကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးမချမိအောင် သတိထားဆင်ခြင်ပါ။

အနေအေးတဲ့၊ အရှက်အကြောက်ကြီးတဲ့၊ သိုသိုသိပ်သိပ်နေတတ်တဲ့ ကောင်မလေးတွေကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားတယ်ဆိုရင် ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့ဟာ သစ္စာအရှိဆုံး၊ အားပေးဖေးမမှုအပေးနိုင်ဆုံး၊ အေးချမ်းမှုတွေကို အပေးနိုင်ဆုံးချစ်သူကောင်မလေးတွေ မို့လို့ပေါ့။

သင်ဟာ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့ ကောင်မလေးဆိုရင် ဒီစာစောင်လေးကို သက်ဆိုင်သူသိစေဖို့ SHARE လိုက်ပါဦးနော်။