ခြွင်းချက်မရှိတဲ့ အချစ်တစ်ခု

blank

သင်ဟာ လွတ်လပ်မှုနဲ့ ထိုက်တန်ပါတယ်။ အချစ်တစ်ခုက သင့်ကို အကျဉ်းချထားလိုက်တာမျိုး မဖြစ်စေသင့်ပါဘူး။ သင်ဟာ လွတ်လပ်ပေါ့ပါးပြီးတော့ အချင်းချင်းလေးစားမှုရှိတဲ့ အကြွင်းမဲ့အချစ်မျိုးနဲ့ ထိုက်တန်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလို အကြွင်းမဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သင့်အချစ်ရေးကို သင်ဘယ်လိုသဘောထားတယ်ဆိုတာ ပြန်စဉ်းစားပါ။ ဘယ်လိုမျှော်လင့်ထားလဲ။ အချစ်ဆိုတာဟာ အသွားအပြန်ရှိရမယ့်အရာတစ်ခုလား။ သင် ဘယ်အရာကိုလိုချင်တယ်၊ ဘာလုပ်နေတယ်ဆိုတာ စိတ်ထဲမှာ အမြဲသတိရှိပါ။ အကြွင်းမဲ့အချစ်ဆိုတာ ကိုယ့်အပြုအမူတွေပေါ်ပဲ မူတည်တာပါ။

သင်ကော အကြွင်းမဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ထားပြီလား။