စိတ်ပညာရှင်တွေ သတိပေးပြောကြားထားတဲ့ ကလေးတွေနဲ့ စမတ်ဖုန်းအန္တရာယ်

blank

စာချစ်သူတို့ရေ….

အခုခေတ် ကလေးတွေရဲ့ ဘဝမှာ ဖုန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ပါဝင်လာကြပါတယ်။ ကလေးတွေဟာ ဖုန်းမျက်နှာပြင်ရှေ့မှာ  ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၆.၅ နာရီလောက် အချိန်ဖြုန်းကြတယ်လို့ လေ့လာမှုတွေအရလည်း သိခဲ့ရပါတယ်။

ကလေးတွေ ဖုန်းအသုံးပြုခြင်းကြောင့် ရရှိလာမယ့် အဓိကပြဿနာ ၉ ခုကို စာချစ်သူတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ကလေးတွေ ဖုန်းအသုံးပြုခြင်းက မိဘနဲ့ကလေး ဆက်ဆံရေးကို အနှောက်အယှက်ဖြစ်စေတယ်လို့ သိရပါတယ်။ ဖုန်းအသုံးပြုတဲ့ ကလေးတွေဟာ မိသားစုဝင်တွေနဲ့ စကားပြောဖို့ထက် အွန်လိုင်းပေါ်က like တွေ comment တွေကို စိတ်ဝင်စားနေတတ်တာကြောင့် မိသားစုဝင်တွေကြား နွေးထွေးတဲ့ဆက်ဆံရေးတွေကို ပျက်ပြားစေပါတယ်။

၂။ အွန်လိုင်းဆိုတာက အသုံးဝင်တဲ့အရာတွေရှိသလို အကြမ်းဖက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ အခြားမနှစ်မြို့ဖွယ်ကိစ္စတွေလည်း ပြည့်နေပါတယ်။ လေ့လာမှုအရ ဒီဆိုးကျိုးတွေနဲ့ ထိတွေ့ရတဲ့အခါ ကလေးတွေ စိတ်ဓာတ်ကျလွယ်လာပါတယ်။

၃။ အွန်လိုင်းအသုံးပြုတဲ့ ကလေးတွေအနေနဲ့ အရွယ်ရောက်သူတွေရဲ့ ဘဝဟာ ပျော်စရာတွေနဲ့ ပြည့်နှက်နေမှာပဲလို့ ထင်လာတတ်ပါပြီ။ ကိုယ်ကြိုက်တဲ့အရာ ဘာကိုမဆို လုပ်လို့ရပြီလို့ မှတ်ယူလာတတ်တာကြောင့် လူကြီးတစ်ယောက်လို ပြုမူဆက်ဆံတတ်ကြပါတယ်။

၎။ ပေါင်းသင်းဆက်ဆံရေး အရည်အသွေးတွေ လျော့နည်းလာမယ်။

၅။ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်လာမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အိပ်ချိန်တွေ ထိခိုက်လာမယ်။

၇။  ကလေးတွေအနေနဲ့ ဖုန်းနဲ့ပဲ အချိန်ဖြုန်းနေတဲ့အခါ  လေ့ကျင့်ခန်းလုပ်ချိန်၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားချိန်မရှိတော့တဲ့အပြင် ဖုန်းမျက်နှာပြင်ပေါ်မှာပဲ အာရုံရောက်နေတဲ့အတွက် အလွယ်တကူသောက်လို့ရတဲ့ အချိုကဲတဲ့ဖျော်ရည်တွေ သောက်သုံးမှုများလာတာကြောင့် အဝလွန်လာပါမယ်။

၈။ မိဘ၊ သူငယ်ချင်း၊ အခြားသူတွေနဲ့ စိတ်ပိုင်း၊​ ရုပ်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးတွေ လစ်ဟင်းလာပါမယ်။

၉။  ကလေးတွေအတွက် ပျော်ရွှင်စရာတွေ နည်းပါးလာမယ်။

သင့်ကလေးမှာလည်း ဖုန်းအသုံးပြုများတဲ့ အကျင့်စွဲနေပြီလား။ သင့်အနေနဲ့ ဘယ်လိုထိန်းချုပ်လဲဆိုတာ မျှဝေခဲ့ပါဦးနော်။