အချစ်ထက် အရေးကြီးတဲ့အရာများ

အိမ်ထောင်ရေးမှာ အချစ်ထက် ဒီအရာ (၇) ခုက ပိုပြီးတော့ အရေးကြီးပါတယ်။

၁။ အချင်းချင်းဆက်သွယ်မှုရှိဖို့…..

အိမ်ထောင်ရေးမှာ အချင်းချင်းဆက်သွယ်မှုရှိခြင်းက relationship ကို ပိုမိုကောင်းမွန်လာစေပြီး သံယောဇဉ်တွေကိုလည်း ခိုင်မြဲလာစေပါတယ်။ တကယ်ပြောရမယ့်အကြောင်းအရာနဲ့ ပြောလိုက်မိတဲ့ အကြောင်းအရာက တူညီမနေဘူးဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်မှုရှိဖို့ လိုအပ်နေတာ သေချာပါပြီ။

ဆက်သွယ်တယ်ဆိုတာဟာ စကားပြောခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်နားလည်နိုင်လာအောင် ကြိုးစားခြင်းကသာ အချင်းချင်းဆက်သွယ်နိုင်တယ်လို့ ဆိုလိုတာပါ။

ကိုယ့်အိမ်ထောင်ဖက်ဟာ အကြားအမြင်ရနေတဲ့သူမဟုတ်ပါဘူး။ ဒါကြောင့် သိစေချင်တဲ့အရာကို နှုတ်ကနေ ထုတ်မပြောဘဲ သိလာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။

၂။ တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှုထားတတ်ဖို့…..

လေးစားမှုဆိုတာ ကိုယ်တိုင်ကနေ စတာပါ။ ကိုယ့်ကိုယ်ကိုယ်လေးစားတတ်သူဟာ အိမ်ထောင်ဖက်ကိုလည်း လေးစားမှာ အမှန်ပါပဲ။ လေးစားမှုဆိုတာဟာ စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့ ပြသရုံသာမကဘဲ အတွေးထဲကနေပါ စတင်ရတာပါ။

၃။ ကြင်ကြင်နာနာရှိဖို့…..

ကြင်နာခြင်းနဲ့ ရက်ရောခြင်းဆိုတာ အတူတူလာတာပါ။ ကြင်နာခြင်းဆိုတာ အတွေးတွေ၊ စကားလုံးတွေ ဖြစ်ပြီးတော့ ရက်ရောခြင်းဆိုတာကတော့ ကြင်နာခြင်းကို အထမြောက်စေတဲ့ လုပ်ရပ်ပါ။ ကြင်နာခြင်းနဲ့ ရက်ရောခြင်းသာ ပေးအပ်မယ်ဆိုရင် စိတ်ဓာတ်ကျပြီး သေချင်နေတဲ့သူတစ်ယောက်ကိုတောင် စိတ်တက်ကြွသွားစေနိုင်ပါလိမ့်မယ်။

၎။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိဖို့…..

ရင့်ကျက်မှုရှိမရှိဆိုတာ ရုပ်နဲ့ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်တယ်ဆိုတာ အသက်ကြီးလာရုံနဲ့ တင်ပြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုဆိုတာကတော့ နေလာတဲ့ဘဝတစ်လျှောက်မှာ ရရှိလာခဲ့တဲ့ အသိတရားတွေနဲ့ သက်ဆိုင်တာပါ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကပဲ ဘဝမှာ ရင်ဆိုင်လာရမယ့် တိုက်ပွဲတွေ၊ အချိန်ကိုက်မှုတွေ၊ နေရာတွေကို ရွေးချယ်သွားပေးနိုင်တာပါ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဆိုတာဟာ စိတ်ရှည်သည်းခံမှုနဲ့ ခွင့်လွှတ်နိုင်မှုပါ။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဟာ တန်ဖိုးထားမှုကို ဖော်ပြပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကပဲ အပြစ်တွေ၊ အမှားတွေ အားလုံးကို လက်ခံပေးနိုင်ပြီး တောင်းပန်နိုင်စေတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ယုံကြည်မှုရှိဖို့…..

ယုံကြည်မှုမရှိတဲ့ relationship တစ်ခုဟာ relationship လို့တောင်ခေါ်ဆိုဖို့ မထိုက်တန်ပါဘူး။ ကူးသန်းရောင်းဝယ်ရေးတွေ၊ အလုပ်အကိုင်တွေဟာ ငွေပေါ် မူတည်သလို အိမ်ထောင်ရေးဟာလည်း ယုံကြည်မှုပေါ်မှာ မူတည်ပါတယ်။ အိမ်ထောင်ရေးရဲ့ ငွေကြေးစနစ်ဟာ ယုံကြည်မှုပါ။ ယုံကြည်မှုသာမရှိရင် အိမ်ထောင်ရေးဟာလည်း ရေရှည်တည်မြဲမှာမဟုတ်ပါဘူး။

၆။ ဟာသဥာဏ်ရှိဖို့…..

ဟာသဥာဏ်ရှိခြင်းကတော့ အိမ်ထောင်ရေးရဲ့ ဆေးတစ်လက်ပါပဲ။ ဟာသဥာဏ်ဟာ ဒဏ်ရာတွေကို ကုစားပေးသွားနိုင်ပြီး အိမ်ထောင်ရေးကို ခိုင်မြဲစေပါတယ်။ ကိုယ့်ရဲ့ ဟာသဥာဏ်ဟာ အိမ်ထောင်ဖက်ကို စိတ်မသက်မသာမဖြစ်စေဖို့တော့ လိုပါလိမ့်မယ်နော်။

ဟာသဥာဏ်ဟာ အငြင်းပွားမှုတွေအားလုံးကို ငြိမ်သက်သွားစေနိုင်တယ်ဆိုပေမယ့် ပြဿနာတွေကို ရှောင်လွှဲဖို့အတွက်တော့ ဟာသဥာဏ်ကို အသုံးမချပါနဲ့။ ဟာသဥာဏ်ကြောင့် အခြေအနေတင်းမာတာတွေ လျော့သွားတဲ့အချိန်မှာ ပြဿနာတွေကို ဘယ်အရာက ဖြစ်ပွားစေခဲ့တာလဲဆိုတာကို ပြောဖို့ အချိန်ပေးပါ။

၇။ စီးပွားရေး အခြေအနေကောင်းမွန်ဖို့…

အိမ်ထောင်တစ်ခုဖြစ်ပေါ်လာပြီဆိုတာနဲ့ ကလေးတွေအတွက်၊ ဒီအိမ်ထောင်ရေးအတွက် လိုအပ်တာတွေ ဝယ်နိုင်ဖို့အတွက် စီးပွားရေးအခြေအနေကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ငွေကြေးအခြေအနေကောင်းမွန်နေတဲ့အခါ အိမ်တစ်အိမ်ဟာ စည်းဝါးကိုက်နေမှာပါ။ မကောင်းမွန်တဲ့အခါကျရင်တော့ နားလည်မှုလွဲတာတွေ၊ စိတ်ဖိစီးမှုတွေ အမြဲရှိနေတော့မှာပါ။

ကိုယ့်အိမ်ထောင်ဖက်ကို ဒီအကြောင်းအရာလေးတွေ သိရှိစေဖို့ မန်းရှင်းခေါ်ခဲ့ပါဦးနော်။