သဝန်တိုတတ်တဲ့သူကို ချစ်သူတော်ထားရင် ဒါလေးတွေသိဖို့လိုမယ်။

၁။ ဘဝခရီးဘယ်လောက်ကြမ်းကြမ်း သူ့ကို မထားခဲ့ဘူး၊ သင်က သူ့တစ်ယောက်တည်းအတွက်ဆိုတာ ကတိ ပေးပါ။

၂။ တခြားယောက်ျားလေးတွေနဲ့ ရင်းရင်းနှီးနှီးနေတာကို ရှောင်ပါ။

၃။ တစ်ခါတရံ သူ့ရဲ့ပိုင်စိုးပိုင်နင်းအပြုအမူတွေဟာ သင့်ကို ဆုံးရှုံးမခံချင်လို့၊ သင့်ကို ဂရုစိုက်လွန်းလို့ဆိုတာ နား လည်ထားပေးပါ။

၎။ သူနဲ့ထိုက်တန်တဲ့ အာရုံစိုက်မှုပေးပါ။ သူနဲ့ စကားပြောပါ။ သူ့အတွက် အားထုတ်မှုလေးတွေလည်း ပြုလုပ် ပေးပါ။

၅။  သူလုပ်ပေးသမျှ အရာရာတိုင်းအတွက် အသိအမှတ်ပြုပေးပါ။ သူ့အားထုတ်မှုတွေအားလုံး တန်ဖိုးရှိတယ် ဆိုတာ သူခံစားမိအောင် ပြုလုပ်ပေးပါ။

၆။ သူ့ရဲ့မလိုအပ်တဲ့ စိုးရိမ်စိတ်တွေ၊ စိတ်မလုံခြုံမှုတွေကို လျှော့ချဖို့ သတိပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၇။ သူ့အရည်အသွေးတွေကို ချီးမွမ်းပါ။ သူက ဘယ်လောက်အံ့သြစရာကောင်းတဲ့သူဆိုတာ ပြောပြပါ။ သင့်အ တွက် သူက ဘယ်လောက်အရေးကြီးတဲ့သူဆိုတာ ပြောပြထားပါ။

၈။ သူသံသယဖြစ်စေမယ့် အကြောင်းတရားတွေမပေးမိအောင် ဆင်ခြင်ပါ။ သူ့အပေါ် ပွင့်လင်းရိုးသားမှု ရှိပါ။

၉။ သစ္စာရှိပါ။

ပြီးတော့ စိတ်ရှည်သည်းခံပါ။ ဘာကြောင့်လဲဆိုတော့ သင့်နားလည်ပေးနေမှုတွေအပေါ် ခံစားမိနေတဲ့ သူ့အနေနဲ့လည်း လက်ရှိအခြေအနေကို ပိုကောင်းအောင်၊ အလွန်အကျွံသဝန်တိုတာတွေ လျော့ကျအောင် အ တတ်နိုင်ဆုံး ကြိုးစားနေချိန်ဖြစ်နေနိုင်လို့ပါ။

သင်ကော ဘယ်လိုချစ်သူမျိုးကို ပိုင်ဆိုင်ထားတာလဲ။