ကောင်မလေးတစ်ယောက်ကို တကယ်မချစ်နိုင်ရင် အစကတည်းက မလိုက်ပါနဲ့။

blank

သူမက သင့်ရဲ့ပထမဦးစားပေးမဟုတ်ဘူးဆိုရင်…

  • သူမရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းလိုက်ပါနဲ့။
  • သူမကို ဒုတိယအကောင်းဆုံးလူဆိုတဲ့ နာကျင်စရာရာထူးနေရာကို မပေးအပ်လိုက်ပါနဲ့။ သင်တကယ်အတူရှိချင်တဲ့သူဟာ သူမ မဟုတ်ဘဲ သူမနောက်ကို မလိုက်ပါနဲ့။
  • သူမအချစ်ကို ဂိမ်းတစ်ခုလိုလည်း အပျော်မကစားလိုက်ပါနဲ့။
  • သူမရဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းတွေကိုလည်း လျှောက်မမေးပါနဲ့။
  • သူမရဲ့အတိတ်၊ သူမရဲ့ကလေးဘဝနဲ့ အကြောက်တရားတွေအကြောင်းကိုလည်း မစပ်စုလိုက်ပါနဲ့။
  • သူမကိုချစ်ဖို့ သင့်ဘက်က အဆင်သင့်မဖြစ်သေးဘဲ သူမရဲ့နှလုံးသားကို သင့်ဆီမှာ ဖွင့်ဟပြခွင့် လည်း မပြုလိုက်ပါနဲ့။
  • သူမအနားတစ်သက်လုံးနေပေးဖို့ အစီအစဉ်မရှိဘဲနဲ့ သူမရဲ့နှလုံးသားထဲမှာ သင့်အတွက်နေရာ တစ်ခုပေးဖို့ လုံးဝမတောင်းဆိုလိုက်ပါနဲ့။
  • သူမကိုချစ်ဖို့ အဆင်သင့်မဖြစ်သေးဘဲနဲ့ သူမရဲ့အိပ်ပျော်နေတဲ့နှလုံးသားကို ဂယက်ထသွား အောင် မလှုပ်နှိုးလိုက်ပါနဲ့။
  • သူမကို အလွယ်တကူထွက်သွားခွင့်ပြုနိုင်ရက်နဲ့ သူမကို ချုပ်ကိုင်မထားပါနဲ့။
  • သူမလိုအပ်နေတဲ့သူတစ်ယောက်မဖြစ်ပေးနိုင်ဘဲနဲ့ သူမကိုလည်း သင့်အတွက်ရှိနေပေးဖို့ မတောင်းဆိုပါနဲ့။

သူမက သင့်အတွက် ပထမဦးစားပေးမဟုတ်ဘူးဆိုရင်၊ သင့်အတွက် ဘာမှမဟုတ်ခဲ့ဘူးဆိုရင်…

ကျေးဇူးပြု၍ သူမကို ဒီနေရာမှာပဲ ထားရစ်ခဲ့ပေးပါ။ သူမရဲ့ ငြိမ်းချမ်းတဲ့ဘဝလေးကို မနှောင့်ယှက်မဖျက်စီး လိုက်ပါနဲ့။ သူမကို ချစ်သလို၊ မချစ်သလို ကစားနေမယ့်အစား၊ သူမကို လိမ်ညာနေမယ့်အစား သူမကို ထားခဲ့ လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူမလိုအပ်နေတာကလည်း သင့်လိုလူမဟုတ်လို့ပါ။ သင့်အစစ်အမှန် ပုံရိပ်ကို သူမ နားလည်သွားတဲ့တစ်နေ့ကျရင်လည်း သင့်ကို သူမ စွန့်ခွာသွားမှာမို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

စဉ်းစားကြည့်ပါ။

သူမက သင့်ရဲ့ပထမဦးစားပေးမဟုတ်ဘဲ သူမရဲ့ဦးစားပေးမှုတွေကို သင်မျှော်လင့်နေတာ တရားမျှတ ပါရဲ့လား။ သူမကို နံပါတ် ၂ နေရာထားဖို့ တောင်းဆိုချင်တာ တရားမျှတရဲ့လား။

သူမက မိန်းကလေးတစ်ယောက်ပါ။ တခြားသူတွေလိုပဲ အချစ်စစ်ကို ပိုင်ဆိုင်ရထိုက်တဲ့ တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ အချစ်စစ်နဲ့ချစ်တတ်တဲ့သူမဟာ သူမရဲ့အဆိုးအကောင်းအားလုံးကို အရှိအတိုင်း လက်ခံချစ်ပေးနိုင်တဲ့၊ သူမကို ပထမဦးစားပေးချစ်နိုင်မယ့် ယောက်ျားကောင်းတစ်ယောက်နဲ့ ဆုံစည်းခွင့်ရှိပါ တယ်။

ဒါကြောင့် သင်မချစ်နိုင်ရင်၊ သင့်အချစ်တွေအားလုံးကို မပေးနိုင်ရင် အစကတည်းက သူမ နောက်ကို မလိုက်ပါနဲ့။ သူမရဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာလေးကို အရင်လိုပဲ လွတ်လပ်ပျော်ရွှင်စွာ တည်ရှိနေခွင့်ပေးလိုက်ပါ။

ခံစားချက်လေးတွေတိုက်ဆိုင်ရင် ဖွင့်ဟခဲ့ပါဦးနော်။