အချစ်ဆုံးသူငယ်ချင်းလေးသို့ ပေးစာတစ်စောင်

blank

ချစ်လှစွာသော ငါ့သူငယ်ချင်းလေးရေ…

ပထမဆုံးပြောချင်တာက အခုလို ငါ့အတွက် ရှိနေပေးတဲ့အတွက်ကော ငါ့ကို အရှိအတိုင်းလက်ခံခင်မင် ပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။

ငါတို့အတူရှိနေချိန်တိုင်း ငါ့ကိုယ်ငါ သက်တောင့်သက်သာနဲ့ ယုံကြည်မှုရှိတဲ့ ခံစားချက်ကို ရရှိစေလို့ လည်း နင့်ကို ကျေးဇူးတင်ပါတယ်။

နင်နဲ့ရှိနေတဲ့အခါ ဘယ်လိုဟန်ဆောင်မျက်နှာဖုံးကိုမှ တပ်စရာမလိုတဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်။

ငါ့ရဲ့ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန်တိုင်း  မျှဝေခံစားမှုတွေနဲ့ အမြဲအတူရှိနေပေးခဲ့တာတွေအတွက်လည်း ကျေးဇူးပါပဲ။

နင်က ငါ့ရဲ့မိသားစုပြီးရင် အမြဲတမ်းယုံကြည်စိတ်ချရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်တယ်။

နင့်ကြောင့်ပဲ ကမ္ဘာကြီးက ငါ့အတွက် ပိုကောင်းတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်။

ငါကြားဖူးတဲ့ အပေါ်ယံကောင်းပြီး နောက်ကွယ်မှာ ဓားနဲ့ထိုးတတ်တဲ့ သူငယ်ချင်းအတုတွေလို မဟုတ် ဘဲ အရှေ့မှာကော၊ ငါ့နောက်ကွယ်မှာပါ ငါ့ကောင်းကျိုးကို အမြဲရှေ့ရှုတတ်တဲ့အတွက်လည်း နင့်ကို ကျေးဇူး တင်ပါတယ်။

ရယ်မောစရာတွေ၊ ငိုကြွေးစရာတွေအပါအဝင် ငါတို့နှစ်ယောက်ကြားမှာရှိခဲ့တဲ့ အရာရာတိုင်းအတွက် လည်း ကျေးဇူးပါ။

အရေးကြုံလာတဲ့အခါ ငါ့အတွက် ကျောက်ဆောင်လို မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးတာ၊ ကျောက်ဆူးလို ခိုင်ခံ့တဲ့ မှီတွယ်စရာအဖြစ်ရှိနေပေးတာ၊ အဝေးကိုရောက်သွားချိန်တိုင်း ကမ်းစပ်တစ်ခုလို ပြန်ဆယ်ယူထိန်းသိမ်းပေးတာတွေအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။

ငါ့အတွက် နင်လုပ်ပေးခဲ့သမျှ အသေးအဖွဲကနေ ကြီးကြီးမားမားအရာတွေအားလုံးအတွက်လည်း ကျေး ဇူးပါ။

ငါအကြိုက်ဆုံးရေခဲမုန့်အရသာနဲ့ ငါအကြိုက်ဆုံးသီချင်းလေးတွေကို သိနေတဲ့အတွက်လည်း ကျေးဇူး ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တစ်ခါတလေ နင်အဝေးရောက်နေတဲ့အခါ လွမ်းရတာကတော့ နာကျင်စရာပါ။ ဒါပေမဲ့ နင့်ကို ပြန်တွေ့ လိုက်တဲ့အခါ နာကျင်စရာတွေအားလုံး ပျောက်ကွယ်သွားတဲ့အထိ စိတ်ချမ်းသာစေတဲ့အတွက်လည်း ကျေးဇူး ပါ။

လောကကြီးက အပြောင်းအလဲတွေနဲ့ ပြည့်နေတယ်။ အပြောင်းအလဲများတဲ့ လူတွေလည်း အများကြီး ပါပဲ။

ဒါပေမဲ့ နင်ကတော့ ငါ့အတွက်ဆို ဘယ်တော့မှမပြောင်းလဲဘဲ အမြဲရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ငါ့ကို အခုလို ချစ်ပေးတဲ့အတွက်ကော၊ ငါ့ရဲ့ အကောင်းဆုံးသူငယ် ချင်း ဖြစ်ပေးတဲ့အတွက်ပါ တကယ်ကျေးဇူးပါပဲ။

ပြောရမယ်ဆိုရင်တော့ နင့်ကို ပြောချင်တဲ့စကားတွေက ဘယ်တော့မှ မကုန်နိုင်ပါဘူး။ သူငယ်ချင်းတွေ ဆိုတော့ ချစ်တယ်လို့လည်း အခုတ်တရမပြောဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ငါလည်း နင့်ကိုချစ်တယ်။ ပြီးတော့ နင့်အတွက် အကောင်းဆုံး သူငယ်ချင်းအဖြစ် ရှိနေပေးသွားဖို့လည်း ငါဆုံးဖြတ်ထားပါတယ်။

အရာရာတိုင်းအတွက် ကျေးဇူးပါ သူငယ်ချင်းရေ။

ဒီစာစောင်လေးကိုဖတ်ပြီး သတိရမိတဲ့ သူငယ်ချင်းလေးရှိရင်လည်း mention ခေါ်ပြီး သင့်ရင်ထဲက စကားလေး တစ်ခွန်းကို ပြောပြလိုက်ပါဦးနော်။