အစားသရဲချစ်သူစုံတွဲလေးတွေဟာ လက်တွဲမြဲတတ်ကြတယ်တဲ့

blank

စာချစ်သူတို့ရေ…….

လူတစ်ယောက်ရဲ့စားသောက်မှုပုံစံကို ကြည့်ပြီး အဲ့ဒီလူအကြောင်းကို ခန့်မှန်းကြည့်လို့ရတယ်ဆိုတာ ယုံပါလား။ နေ့စဉ် ကိုယ်တစ်ယောက်တည်း စားသောက်နေရတာထက် ချစ်သူနဲ့အတူ စားသောက်ရမယ်ဆိုရင် ပိုပြည့်စုံမယ်လို့ကော စဉ်းစားဖူးပါသလား။ အချစ်ရေးမှာ တစ်ယောက်ကိုတစ်ယောက် စကားတွေနဲ့ ပြောဆိုဆက်သွယ်နေရတာက လုံလောက်တယ်ဆိုပေမယ့် စားသောက်ခြင်းကလည်း ချစ်သူနှစ်ဦးရဲ့ရှေ့ရေးအတွက် ကြီးမားတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ချစ်သူနှစ်ဦးလုံးက အစားအသောက်ကို မက်မောကြသူတွေဆိုရင် အချစ်ရေးခိုင်မြဲတတ်ကြတယ်တဲ့။ ဘာလို့ခိုင်မြဲလဲဆိုတဲ့ အကြောင်းရင်းလေးကိုသိချင်ရင် အောက်မှာဆက်ဖတ်ကြည့်လိုက်နော်။

၁။ တစ်ခါတလေ လူအများရှေ့မှာ စားသောက်နေတုန်း တခြားသူက ကိုယ်အစားပုပ်ကြောင်း ပြောလိုက်တဲ့အခါ ရှက်သွားပြီး စားလက်စကို ရပ်ပစ်လိုက်တာမျိုးတွေ ဖြစ်ဖူးတယ်မလား။ ဒါကြောင့် အားလပ်ရက်တွေမှာ ကိုယ်နဲ့အတူတူ လိုက်စားပေးမယ့်အဖော်တစ်ယောက် လိုလာပါပြီ။ တကယ်လို့ ကိုယ့်ဘေးမှာ အတူစားပေးမယ့်ချစ်သူတစ်ယောက်ရှိနေရင်တော့ အစားအသောက်နဲ့ပတ်သက်ပြီး ရှက်ကြောက်နေမှာ မဟုတ်ပါဘူး။

၂။ အစားအကြိုက်တူတဲ့ချစ်သူတစ်ယောက်နဲ့ တွဲနေရတဲ့အခါ ပြောစရာစကားတွေကလည်း မကုန်နိုင်တော့ဘူးလေ။ အခြားသူတွေကတော့ အစားအသောက်ကြောင့် ပြဿနာတက်နေရချိန်မှာ ကိုယ်တွေအတွဲကတော့ ဘာဖြစ်ဖြစ် စားမယ်ဆိုတာကြီးပဲ။ နှစ်ယောက်သား စိတ်ကောက်နေရင်လည်း စားလိုက်ကြတာပဲ၊ ရန်ဖြစ်စကားများနေလို့ ခဏမခေါ်ကြရင်လည်း စားလိုက်တာပဲ။

၃။ အစားအသောက်ကောင်းတဲ့ဆိုင်လေးတွေ တွေ့ရင်လည်း အခြားသူတွေအတွက် အမြဲတမ်းမျှဝေပေးတတ်တယ်။ အစားအသောက်စားရင်လည်း တစ်မျိုးလောက်နဲ့ မတင်းတိမ်နိုင်ဘူး။ တစ်ပွဲပဲ စားမယ်လို့လည်း ဘယ်တော့မှမသတ်မှတ်ထားကြဘူး။ အစားအသောက်အတွက်ဆို အမြဲတက်ကြွနေတတ်တယ်။

၎။ ချစ်သူက ဘာအစားအစာလေးတွေ ထပ်ကြိုက်လာလဲဆိုတာကိုလည်း အမြဲလေ့လာနေတတ်တယ်။ ကိုယ့်ချစ်သူဘာကြိုက်တတ်လဲ အရိပ်ရိပ်တကြည့်ကြည့်ဖြစ်နေတဲ့ လက်တွဲဖော်မျိုးရထားတော့ တစ်ဘဝလုံးစာအတွက် သစ္စာရှိမှာ သေချာပါတယ်။ အစားအသောက်မက်သူလေးတွေမှာ စိတ်ကောင်းလည်း ရှိကြတယ်။

၅။ စားသောက်ဆိုင်ရွေးရင်လည်း နှစ်ခါတိုင်ပင်စရာမလိုတာကြောင့် ကျန်တဲ့ကိစ္စတွေအတွက်လည်း အငြင်းပွားနေစရာမလိုတော့မှာ သေချာပါတယ်။ ရွေးချယ်စရာတွေ ဒါဇင်လိုက်ရှိနေရင်တောင် နှစ်ယောက်လုံးရဲ့ဆုံးဖြတ်ချက်က တစ်ခုတည်းပဲ ဖြစ်နေမှာပါ။

၆။ အစားအသောက်တွေ အမြဲအတူတူ စားနေတဲ့အတွက် ချစ်သူနှစ်ဦးကြား ရင်းနှီးမှုပိုစေတယ်။ အစားအသောက်နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေလည်း အများကြီးရှိကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ အခက်အခဲတွေ ရှိလာရင်လည်း တွေးမကြောက်တော့ဘူး။ အစားအသောက်အသစ်အဆန်းတွေကြောင့် ဗိုက်နာတဲ့ပြဿနာတွေ ဖြစ်လာရင်လည်း ခံနိုင်ရည်ရှိကြတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး ဟာသဖြစ်ခဲ့ရတဲ့အတွေ့အကြုံတွေလည်း ရှိခဲ့ကြတယ်။ အစားသရဲစုံတွဲလေးတွေကတော့ နောက်ထပ်လည်း အစားအသောက်အသစ်တွေ ထပ်စမ်းသပ်နေကြဦးမှာပါပဲ။

၈။ အစားသူရဲစုံတွဲတွေဟာ ဘယ်ချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ အချိန်ဇယားတွေ ဆွဲနေစရာမလိုပါဘူး။ နှစ်ယောက်လုံးက အမြဲတူနေတတ်ကြတယ်။ အကြောင်းကတော့ စားဖို့ပဲ တွေးနေကြတာကိုး။ တစ်ယောက်က ဗိုက်ဆာပြီဆိုတာနဲ့ ကျန်တစ်ယောက်က လိုက်လျောပြီးသားပဲ။ ဘယ်ချိန်မှာ ဘာစားမယ်၊ ဘယ်နေရာမှာ ဘာသွားစားမယ်ဆိုတာ နှစ်ယောက်လုံးက ချရေးထားကြတယ်။

၉။ အစားအသောက်စားချိန်မှာ ကိုယ့်ကဏ္ဍနဲ့ကိုယ် ခွဲထားတတ်ကြတယ်။ တစ်ယောက်က အစားအသောက်အတွက် ချက်ပြုတ်နေတယ်ဆိုရင် တစ်ယောက်က ပန်းကန်တွေ ဆေးထားတယ်။ ထမင်းစားပွဲကို ရှင်းထားတယ်။

၁ဝ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စားသောက်နေချိန်မှာ ဘာကိုမှ ဂရုစိုက်မိမှာမဟုတ်ပါဘူး။ လွတ်လပ်မှုကို ခံစားရစေတယ်။

၁၁။ စားသောက်ဆိုင်ဝန်ထမ်းတွေပေါ် ဆက်ဆံပုံကို  ကြည့်ပြီး အစားသူရဲစုံတွဲတွေရဲ့ အခြားသူတွေအပေါ် ဆက်ဆံပုံကိုလည်း သိနိုင်ပါတယ်။

၁၂။ တစ်ယောက်စားမယ့်အစားအသောက်ကို တစ်ယောက်ကမှာပေးမယ့်အစား ကိုယ်ကြိုက်တာကိုယ် ရွေးချယ်ကြတယ်။

၁၃။ နှစ်ယောက်သားက တစ်ချိန်တည်းမှာပဲ အစားအသောက်ကြောင့် ဗိုက်ကလေးတွေ ကိုယ်စီထွက်နေကြတယ်။ နှစ်ယောက်သား ချစ်တတ်လိုက်တာများ တစ်ယောက်ဝရင် တစ်ယောက်ကလိုက်ဝရော။

၁၄။ နှစ်ယောက်သားအတူတူ စားသောက်ကြပေမယ့် ကျန်းမာရေးလိုက်စားဖို့လည်း မမေ့တတ်ကြဘူး။

၁၅။ စားသောက်ဆိုင်ကောင်းကောင်းလေးတွေ တွေ့တိုင်း တစ်ယောက်ကိုတစ်ယောက် အမြဲလက်တို့နေကြတာမို့ တစ်ဘဝစာအတွက် လမ်းခွဲရတော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မသိလိုက်တဲ့အစားအသောက်ကောင်းလေးတွေ လက်လွတ်သွားမှာစိုးလို့လေ။

အစားသရဲစုံတွဲလေးတွေရေ သက်ဆိုင်သူလေးကို mention ခေါ်လိုက်တော့နော်။