Relationship မှာ အတ္တတွေ ဝင်လာတဲ့အခါ……

blank

အတ္တဟာ  ဘယ်လို relationship ကိုမဆို ဖျက်ဆီးနိုင်တဲ့အစွမ်းရှိပြီး ပျက်စီးသွားနိုင်တဲ့ အဓိကအကြောင်းရင်းတွေထဲက အဆိုးဆုံးတစ်ခုပါပဲ။

ဒါကြောင့် ယနေ့ခေတ်မှာ relationship ၉၉% လောက် ပြိုကွဲရတဲ့အကြောင်းရင်းတစ်ခုကတော့ အတ္တဝါဒီကြောင့်ပါပဲ။ လူတိုင်းမှာ အတ္တတွေရှိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအတ္တကို မထိန်းချုပ်နိုင်ရင် သင်ချစ်ရသူတွေကိုတောင်မှ ထိခိုက်စေတတ်ပါတယ်။

ဒါကြောင့် relationship မှာ အတ္တပြိုင်တဲ့ပြဿနာလေးတွေအတွက် အကြံပေးချင်တာကတော့……

၁။ လောကမှာ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အကောင်းအဆိုးတွေ ဒွန်တွဲပြီးရှိတတ်ကြတယ်။ ဒါကြောင့် သင့်လက်တွဲဖော်အပေါ် ကြင်နာဖို့၊ ဂရုစိုက်ဖို့ ကြိုးစားပါ။

၂။ “ငါ” ဆိုတဲ့ အသုံးအနှုန်းကနေ “ငါတို့” ဆိုတဲ့အသုံးအနှုန်းကို ပြောင်းလဲပစ်ပါ။

၃။ အရာရာတိုင်းမှာ သင့်အတွက်သင်ပဲ မကြည့်ပါနဲ့။ သင့်လက်တွဲဖော်ရဲ့အတွေးအမြင်တွေကို ထည့်သွင်းစဉ်းစားပေးပါ။ လေးစားပါ။ ဘာဆုံးဖြတ်ချက်တွေမှမချခင် ချစ်သူနှစ်ဦးလုံးရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ သေချာအောင်လုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ငြင်းခုန်မှုတွေ ရှိလာတဲ့အခါ ကတိပေးနိုင်ဖို့ ကြိုးစားပါ။ ဘယ်သူ့အမှားပဲဖြစ်ဖြစ် သင့်လက်တွဲဖော်နဲ့ သေချာတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့ပဲ အာရုံစိုက်ထားပါ။

၅။ လက်သည်းတွေ ရှည်လာတဲ့အခါ လက်ကိုမဟုတ်ဘဲ လက်သည်းကိုပဲ ညှပ်ပစ်ကြသလိုပါပဲ။ Relationship မှာ အတ္တမာနတွေ ပေါက်ဖွားလာတဲ့အခါ relationship ကို မဟုတ်ဘဲ အတ္တမာနတွေကိုပဲ ဖယ်ရှားပစ်ပါ။

ဒါကြောင့် အတ္တတွေကို မဟုတ်ဘဲ သင့်ရဲ့ချစ်ခြင်းမေတ္တာကိုပဲ ရှင်သန်ဖို့ အခွင့်အရေးတွေ ပေးပါ။

အတ္တမာနတွေ ကင်းကွာပြီး သာယာတဲ့ relationship တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။