ခြောက်လအောက် ကလေးငယ်တွေကို ရေတိုက်မိတဲ့အခါ

          ယေဘုယျအားဖြင့်တော့ ကလေးတွေကို အသက်ခြောက်လမပြည့်မချင်း ရေမတိုက်သင့်သေးပါဘူး။ ပူအိုက်လွန်းတဲ့ နွေရာသီမှာတောင်မှ မွေးစကနေ ခြောက်လအရွယ်ထိကလေးငယ်တွေဟာ လိုအပ်တဲ့ ရေဓာတ်ပမာဏကို မိခင်နို့၊ အာဟာရနို့မှုန့်တွေကနေ လုံလုံလောက်လောက်ရနိုင်ပါတယ်။

ခြောက်လမတိုင်ခင်မှာ ရေတိုက်ကျွေးခြင်းဟာ နို့ထဲမှာပါရှိတဲ့ အာဟာရဓာတ်တွေကို လုံလုံလောက်လောက် မရရှိစေနိုင်တော့ပါဘူး။ ရေတိုက်ခြင်းအားဖြင့် ကလေးကို ဗိုက်ပြည့်နေစေမှာဖြစ်တဲ့အတွက် နို့လည်းကောင်းကောင်းစို့စေမှာမဟုတ်တော့ပါဘူး။ ဒါ့အပြင် ရေတိုက်ခြင်းဟာ ကလေးကိုလည်း ဗိုက်နာစေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခြောက်လမတိုင်ခင်မှာ ကလေးတွေကို ရေတိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို အားပျော့သွားစေတတ်ပြီး တစ်သျှူးတွေကို ရောင်ရမ်းစေပါလိမ့်မယ်။ ဒါဟာ ဖြစ်နိုင်ချေတော့ နည်းတယ်ဆိုပေမယ့် ကလေးတွေကို ကိုမာတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်ခြောက်လအရွယ်ထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကသာ အကောင်းဆုံးပါပဲ။

ဒီကျန်းမာရေးဗဟုသုတပေးစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။