မောင့်ကိုပြောပြပေးပါ။

မောင်ရေ…။

“ မင်းတို့မိန်းကလေးတွေဟာ သိပ်ကိုအလုပ်ရှုပ်တာပဲတို့၊ မိန်းကလေး မိန်းကလေးနေရာမနေဘူးတို့၊ ဒါက မိန်းကလေးလုပ်ရမယ့်အလုပ်မဟုတ်ဘူး” စတဲ့စကားတွေနဲ့ မောင်တစ်ခါတလေ မိန်းကလေးတွေကို နှိမ်တတ်တယ်နော်။ အဆိုးဆုံးကတော့ ရာသီသွေးတွေကို ယုတ်ညံ့တဲ့အရာတစ်ခု၊ နိမ့်ကျတဲ့အရာတစ်ခုလို့ မောင်ယူဆနေတာပါပဲ။

တကယ်တော့လေ….။

ယောက်ျားလေးတစ်ယောက် လူပျိုဖော်စဝင်တဲ့အခါ အသံတွေ သြရှလာတာ၊ အမွှေးအမျှင်တွေ ထူထဲလာတာတွေဖြစ်တတ်သလို မိန်းကလေးတွေ ပျိုဖော်စဝင်လာတဲ့အခါမှာ ရာသီဓမ္မတာ လာတာပဲ။ ဒါဟာ မိန်းကလေးတွေရဲ့ အားနည်းချက်တစ်ခုမဟုတ်ဘူးဆိုတာ မောင့်ကိုသိစေချင်လိုက်တာ…။

ရာသီသွေးဆိုတာ ချွေးလိုပဲ ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်တဲ့ အရည်တစ်ခုပဲဖြစ်ပြီး၊ သက်ရှိတစ်ယောက်ကို မွေးဖွားနိုင်တော့မယ်ဆိုတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်။ မိန်းကလေးတွေဟာ ယုတ်ညံ့နိမ့်ကျနေလို့ ရာသီလာတာမဟုတ်ဘူးဆိုတာ မောင့်ကိုသိစေချင်လိုက်တာ…။

ရာသီသွေးဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုပြီးသန့်စင်ကြည်လင်စေဖို့အတွက် သဘာဝတရားကြီးက ဖန်တီးထားတဲ့ အရာတစ်ခုပါပဲမောင်ရေ။ ရာသီသွေးဆိုတာ ရွံစရာကောင်းတဲ့ အရာတစ်ခုမဟုတ်ဘူးဆိုတာ မောင့်ကိုသိစေချင်လိုက်တာ…။

လောကမှာယောက်ျားနဲ့ မိန်းမဆိုပြီး ဆန့်ကျင်ဖက်လိင်နှစ်မျိုးရှိတယ်။ ယောက်ျားကောင်းဆိုတာ သူတို့ရဲ့ ပါဝါကို မိန်းကလေးတစ်ယောက်ကို နိုင့်ထက်စီးနင်းလုပ်ဖို့၊ မိန်းကလေးတွေကို နိမ်ချဖို့ မသုံးပါဘူး။  ယောက်ျားကောင်းတစ်ယောက်ဟာ သူ့ရဲ့အရည်အချင်းနဲ့ စွမ်းအားတွေကို မှန်မှန်ကန်ကန်ပဲ သုံးတတ်တယ်ဆိုတာ မောင့်ကိုသိစေချင်လိုက်တာ…။

ပြီးတော့လေ…။

အမျိုးသမီးတွေဟာ ရာသီလာနေတဲ့အချိန်မှာ သာမန်အချိန်ထက် ပိုပြီး ဒေါသထွက်လွယ်၊ စိတ်ညစ်ညူးလွယ်၊ စိတ်ဓာတ်ကျလွယ်ဖြစ်နေတတ်တယ်။ မောင့်အနေနဲ့ အဲ့ဒီအချိန်မှာ မေစိတ်သက်သာရစေဖို့ မေ့ကိုအလိုလိုက်ရမယ်နော်။

ဥပမာ- ချောကလက်အမည်း ဝယ်ကျွေးတာမျိုး၊ စားချင်တာလေးတွေ လိုက်ကျွေးတာမျိုး၊ တစ်လတာလုံးကို  စိတ်လက်ပေါ့ပါးစွာဖြတ်သန်းနိုင်ဖို့ Eposoft  ဝယ်တိုက်တာမျိုးပေါ့။

မောင်သာအဲ့ဒီလိုလေးတွေလုပ်ပေးမယ်ဆိုရင် မောင်နဲ့ကျွန်မရဲ့ Relationship ဟာ မောင်နဲ့ကျွန်မထင်ထားတာထက်ပိုပြီး သာယာပျော်ရွှင်တာကို မောင်တွေ့ပါလိမ့်မယ်။

“လိပ်မလေး… လိုရာတွေပဲ ဆွဲတွေးနေတယ်။ မင်းကကော မောင့်အတွက် ဘာတွေပြန်ပေးမှာလဲ” လို့ မေးရင်…

“ချစ်ခြင်းမေတ္တာတွေ အပြည့်ပေးမှာပေါ့ မောင်ရဲ့” လို့ ပြန်ဖြေမှာပေါ့။

သင့်ရဲ့စိတ်ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Eposoft တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို သက်ဆိုင်သူသိစေဖို့ ဝေမျှပေးလိုက်ပါဦး။