အဆင်မပြေတဲ့ ဆွေမျိုးတွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေထိုင်ကြလဲ။

မိသားစု၊ ဆွေမျိုးဆိုတာ ကိုယ့်စိတ်ကြိုက် ရွေးချယ်လို့ရတဲ့အရာမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ကို စိတ်ကသိကအောက်ဖြစ်စေတဲ့၊ စိတ်တိုစရာကောင်းတဲ့ ဆွေမျိုးဆိုတာ တစ်ယောက်မဟုတ် တစ်ယောက်တော့ရှိတတ်ပါတယ်။ ဒါပေမဲ့ ဆွေမျိုးဆိုတော့လည်း သူငယ်ချင်းတွေကို အဆက်အသွယ်ဖြတ်သလိုမျိုး သူတို့နဲ့ အဆက်ဖြတ်ပစ်လို့တော့ မရဘူးမလား။

ဒါကြောင့် ကိုယ်နဲ့ အဆင်မပြေတဲ့ ဆွေမျိုးတွေနဲ့ အဆင်ပြေအောင် နေထိုင်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကိုယ့်ပုံစံအတိုင်းနေပါ။

ကိုယ်လုပ်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး ဆွေမျိုးတွေက ဝေဖန်လာတဲ့အခါ ကိုယ့်ပုံစံ၊ ကိုယ့်လုပ်ရပ်တွေအတွက် ဘယ်သူ့ကိုမှ ဖြေရှင်းချက်ပေးဖို့၊ တောင်းပန်ဖို့ မလိုအပ်ဘူးဆိုတာ သတိရပါ။ ကိုယ့်အတွက်၊ ကိုယ့်အမြင်တွေအတွက် မားမားမတ်မတ်ရပ်တည်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အကောင်းမြင်တတ်သူတွေ အနားမှာ နေပါ။

မိသားစုထဲက အကောင်းမြင်စိတ်ရှိသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်းရံထားပါ။ အကောင်းမြင်စိတ်ရှိလာတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အဒေါ်တွေ၊ ဝမ်းကွဲတွေအပေါ် သည်းခံလာနိုင်ပါလိမ့်မယ်။

၃။ ခွင့်လွှတ်ပါ။

ကိုယ့်အတွက် တကယ်ကို နာကျင်စရာကောင်းတဲ့အရာတစ်ခုကို သူတို့ လုပ်ခဲ့တယ်ဆိုရင်တောင်မှ အကောင်းဆုံးကတော့ သူတို့ကို ခွင့်လွှတ်ပေးလိုက်ပါ။ အချိန်တန်တဲ့အခါကျရင်တော့ ကိုယ့်အပေါ်မှာ သူတို့ဘာမှားခဲ့သလဲဆိုတာ ပြန်ရှင်းပြရမယ့် အချိန်ရောက်လာမှာပါ။

၎။ သူတို့ကို လျစ်လျူရှုထားလိုက်ပါ။

ကိုယ့်ကို အကောင်းမမြင်ပေးနိုင်တဲ့ ဆွေမျိုးတွေကြောင့် ကိုယ့်အားအင်တွေကို မကုန်ဆုံးစေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ သူတို့ဘာတွေးနေမလဲဆိုတာ လုံးလုံးလျားလျားမေ့သွားစေမယ့် ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေ လုပ်ပါ။ သူတို့ ကိုယ့်ကို မမှီနိုင်ဘူးဆိုတာ ပြသလိုက်ပါ။ သူတို့ကို လျစ်လျူရှုထားလိုက်တာက ကိုယ့်အတွက် ပိုမိုကောင်းမွန်ပါလိမ့်မယ်။

စာချစ်သူတို့ကော အဆင်မပြေတဲ့ ဆွေမျိုးတွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေထိုင်ကြလဲ။