ချစ်ရတဲ့သူက ခြံခုန်သွားခဲ့တဲ့အခါ…။

ညီမလေးရေ….။

ညီမလေးချစ်ရတဲ့သူက နောက်တစ်ယောက်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ရင်…။

ညီမလေး ဘာလုပ်မလဲ…။ ထိုင်ငိုနေမလား။ ခံစားနေမလား။ ပူဆွေးဝမ်းနည်းနေမလား။

အကယ်၍ ချစ်သူက နောက်တစ်ယောက်နောက်ကို အလွယ်တကူပါသွားခဲ့ရင် ဝမ်းနည်းပူဆွေးနေမယ့်အစား ဝမ်းမြောက်ဝမ်းသာနဲ့ ရေစက်ချပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့  ချစ်သူရှိရက်နဲ့ လုယူချင်တဲ့သူနဲ့ ခြံခုန်တတ်တဲ့သူကသာ လိုက်ဖက်တဲ့သူတွေမို့ပါ။

ညီမလေးရဲ့နှလုံးသားနဲ့  ချစ်ခြင်းတွေကို တန်ဖိုးမထားတဲ့သူဟာ ညီမလေးလက်ကို တစ်သက်လုံး ဆုပ်ကိုင်ဖို့ တန်ရဲ့လား ညီမလေးစဉ်းစားကြည့်လေ။  လူပီသတဲ့လူတစ်ယောက်၊ တန်ဖိုးရှိတဲ့ယောက်ျားတစ်ယောက်နဲ့ ထိုက်တန်တဲ့ ညီမလေးဟာ ခြံခုန်တတ်တဲ့ ယောက်ျားနဲ့ လွဲသွားတာက မဆန်းပါဘူး။

မျက်ရည်တွေကို သုတ်ပါ။

ထရပ်ပါ။ ဘဝကိုဆက်လျှောက်ပါ။ ညီမလေးလျှောက်မယ့်လမ်းမှာ ညီမလေးတစ်ယောက်တည်းကိုပဲ မြတ်နိုးစွာ ချစ်မယ့် ယောက်ျားကောင်းတစ်ယောက် သေချာပေါက်ရှိနေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။