တစ်ခြမ်းပဲ့ဘဝနှစ်ခုပေါင်းစည်းလိုက်ရုံနဲ့ ပြည့်စုံတဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်လာနိုင်လား။

blank

လူတိုင်းဟာ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးပေးနိုင်တဲ့ relationship မျိုးကို လိုချင်ကြတယ်။ သင့်လက်တွဲဖော်ဟာလည်း သူတတ်နိုင်သမျှ သင့်ကို ပံ့ပိုးပေးတယ်ဆိုရင် သင့်အတွက်လည်း အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ၅ဝ/၅ဝ အချိုးကျနေတဲ့ relationship ဟာ သာယာပျော်ရွှင်တဲ့ relationship တစ်ခုဖြစ်မလာနိုင်ဘူးဆိုတာ သင်သိပါသလား။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတွေကို အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါနော်။

၁။ ၅ဝ/၅ဝ ဖြစ်နေတဲ့ relationship မျိုးနဲ့ သာယာတဲ့အိမ်ထောင်ရေးတစ်ခု မတည်ဆောက်နိုင်တာကြောင့် တစ်ယောက်ကို ၁ဝဝ% စီပဲ ဖြစ်သင့်ပါတယ်။

Relationship တစ်ခုဖြတ်သန်းဖို့ ရည်ရွယ်ချက်ခိုင်ခိုင်မာမာမရှိတဲ့လက်တွဲဖော်ကို စောင့်ဆိုင်းမနေသင့်ပါဘူး။ သင့်ကိုယ်သင် ပြည့်စုံအောင်အရင်ဖြည့်သင့်ပါတယ်။ ကိုယ်တိုင်ကပြည့်စုံပါမှ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ သင့် Relationship အဆင်ပြေဖို့ အခြားသူတွေနဲ့ယှဉ်ပြီး လက်တွဲဖော်အပေါ် လက်ညှိုးထိုးနေတာကို ရပ်သင့်ပါတယ်။

၂။ သင့်ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာပဲ ရင်းနှီးမြှုပ်နှံပါ။

သင့်ကိုယ်သင် ၁ဝဝ% ရင်းနှီးမြှုပ်နှံထားတဲ့ လက်ထပ်ခြင်းမှာ ဘယ်အရာမဆိုသေချာအောင် သင့်အနေနဲ့ အကောင်းဆုံးဆောင်ရွက်နိုင်မယ်။ လက်တွဲဖော်ရဲ့လိုအပ်ချက်တွေကို လက်ခံပေးနိုင်မယ်။ ပြဿနာတွေ ကြုံလာခဲ့ရင်လည်း လက်တွဲဖော်ကို စောင့်နေစရာမလိုဘဲ ပြဿနာတွေကို အရင်ပြေလည်အောင် ကိုယ်တိုင်ဖြေရှင်းနိုင်မယ်။ ပြဿနာတွေအပေါ် သင့်ရဲ့ဖြေရှင်းနိုင်စွမ်းကို အမှတ်ရနေမယ်။ သင့်ကိုယ်သင်လည်း အပြည့်အဝလက်ခံနိုင်မယ်။ သင့် relationship ရှင်သန်လာဖို့ လိုအပ်တဲ့အရာတွေကို သင့်အနေနဲ့ လုပ်ဆောင်နိုင်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင်သွားချင်တဲ့လမ်းကြောင်းဆီရောက်အောင် သင့် relationship ကို ဆွဲခေါ်ပါ။

သင့်ကိုယ်သင် ၁ဝဝ% ရင်းနှီးမြှုပ်နှံထားတဲ့ လက်ထပ်ခြင်းရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ ၅ဝ/၅ဝ နဲ့ လက်ထပ်ထားသူတွေထက် relationship ရဲ့ဦးတည်ချက်အပေါ် ပိုပြီးထိန်းချုပ်နိုင်တယ်လို့ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ သင်က ၁ဝဝ% ပေးထားတယ်ဆိုရင် သင်ပျော်ရွှင်ဖို့ ဦးတည်ချက်တစ်ခုနဲ့ relationship ကို ချုပ်ကိုင်နိုင်စွမ်းတွေ သင့်မှာ အပြည့်ရှိနေပါပြီ။

သင်က ၁ဝဝ% ပေးနေတယ်လို့ သင့်လက်တွဲဖော်က မြင်တဲ့အခါ သူ့အနေနဲ့လည်း ၁ဝဝ% လုံးပြန်ပေးဖို့ ကြိုးစားလာပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက် ၁ဝဝ% စီပေးကြတဲ့ relationship ဟာ တစ်ယောက် ၅ဝ% စီရှိတဲ့ relationship ထက် ပိုပျော်ကြပါတယ်။

တစ်ယောက် ၁ဝဝ% ဖြစ်နေဖို့ အတူကြိုးစားမယ့် သက်ဆိုင်သူလေးကို mention ခေါ်လိုက်ဦးနော်။