ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့မိဘဖြစ်ခြင်းက သားသမီးပြုစုပျိုးထောင်ရာမှာ ဘယ်လိုအကျိုးရှိစေတာလဲ။

blank

            “ကိုယ့်ကိုယ်ကိုယ်ချစ်လား” လို့မေးရင် လူတိုင်းကတော့ “ချစ်တာပေါ့” လို့ဖြေကြမှာပါပဲ။ “ ဘယ်သူ့ကို အချစ်ဆုံးလဲ” လို့မေးရင်တော့ မိဘတွေဆိုရင် မိမိတို့သားသမီးတွေကိုသာ ဖြေကြမှာပါ။

ဒါက မိဘတိုင်းအတွက် တူညီတဲ့အဖြေဖြစ်မှာပါ။

မှန်ပါတယ်။ မိဘရယ်လို့ဖြစ်လာရင် နံပါတ်တစ်ဦးစားပေးဟာ သားသမီးတွေ ဖြစ်လာကြပါတယ်။ ကိုယ့် ကိုယ်ကိုယ်ချစ်ဖို့ ပထမလို့ဆိုရင် မှားတယ်လို့ထင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တာဟာ တစ်ကိုယ်ကောင်း ဆန်တယ်လို့လည်း အများစုက ထင်မြင်တတ်ကြပါတယ်။ ဒီလိုထင်တာဟာ တကယ်တော့ မမှန်ပါဘူး။ သားသ မီးတွေအတွက် အကောင်းဆုံးအချစ်တွေပေးနိုင်ဖို့ဆိုရင် မိဘတွေကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့သူ တွေဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ တခြားသူတွေကို အချစ်တွေပေးဖို့ဆိုရင် ကိုယ်တိုင်က အချစ်တွေရှိနေမှ ဖြစ်မှာပါ။

  • ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အားကစား၊ ဖြည့်စွက်စာ၊ အစားအစာတွေနဲ့ဂရုစိုက်တယ်။
  • စိတ်ချမ်းသာအောင်နေတယ်။
  • ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိအောင်တည်ဆောက်တယ်။
  • ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိတယ်။
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။
  • ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်စေတဲ့အရာတွေကို ရှောင်တယ်။

ဒါတွေဟာ အတ္တဆန်တာမဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ ကိုယ်နဲ့ထိုက်တန်တဲ့အချစ်တွေ ကိုယ့် ကိုယ်ကိုယ်ပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒီအရာတွေက လူတစ်ယောက်ရဲ့ဘဝခရီးလမ်းမှာ ပျော်ရွှင်အောင်မြင်မှု တွေ အများကြီးဆောင်ကြဉ်းပေးနိုင်တဲ့ အဓိကအရာတွေလည်း ဖြစ်ပါတယ်။ သားသမီးတွေဆိုတာ မိဘကို ကြည့်ပြီး သင်ယူရင်း ကြီးပြင်းကြရတာပါ။ မိသားစုကို အကောင်းဆုံးစောင့်ရှောက်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း စစ်မှန်တဲ့ ပျော်ရွှင်မှုကိုတည်ဆောက်ထားနိုင်တဲ့မိဘတွေဆီကနေ ကလေးတွေသင်ယူရရှိမယ့် ကောင်းကျိုးတွေ က အများကြီးပါပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သူတွေအဖြစ်နဲ့ ကလေးတွေ အရွယ်ရောက်ကြီးပြင်းလာတဲ့အခါ မှာ…

  • ကိုယ့်ဘဝကိုယ် အကောင်းမြင်စိတ်တွေနဲ့တည်ဆောက်တတ်လာမယ်။
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှုရှိမယ်။
  • ကိုယ့်ကို ထိခိုက်စေမယ့်အရာတွေကို ရှောင်ကြဉ်တတ်လာမယ်။
  • တစ်ဖက်သားအပေါ်လည်း စာနာထောက်ထားစိတ်ရှိလာမယ်။
  • စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်လာမယ်။
  • ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်လည်း နေထိုင်တတ်လာမယ်။

ဒါတွေက သူတို့လေးတွေရဲ့အနာဂတ်ကို လျှောက်လှမ်းဖို့အတွက် အကောင်းဆုံးအထောက်အပံ့ပေး သွားမယ့် အရင်းအမြစ်တွေပါပဲ။

ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ မိမိတို့ရင်သွေးလေးတွေကို အကောင်းဆုံးအချစ်တွေပေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်မှန်ကန်စွာချစ်တတ်သူတွေဖြစ်အောင် အရင်ကြိုးစားသင့်ပါတယ်။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတ လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus  တို့မှ ပူပေါင်းစီစဉ်တင်ဆက်ထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှ ပေးလိုက်ပါဦး။