လှည့်စားခံအချစ်ရေးတစ်ခုက ရုန်းထွက်ခဲ့ပြီးတဲ့အခါ ဒါလေးတွေ သတိရပါ။

၁။ ဒါဟာ သင့်အမှားမဟုတ်ပါဘူး။ မှန်ကန်တဲ့လမ်းကို သင်ရွေးခဲ့တာပါ။

၂။ သင်က အတွင်းစိတ်ကော၊ ရုပ်ရည်ပါ လှပသူပါ။

၃။ သင့်ကိုယ်သင် မြင်တာထက်လည်း ပိုကောင်းတဲ့သူပါ။ သင့်အတွင်းစိတ်အလှကို မြင်အောင်ကြည့်ပါ။

၎။ လူတိုင်းမှာ ထိန်းချုပ်လို့မရတဲ့အရာတွေဆိုတာ ရှိပါတယ်။ ပြီးခဲ့သမျှကို ဒီအတိုင်းလက်ခံလိုက်ပါ။

၅။ လူအများစုဟာ သင့်ရဲ့အစစ်အမှန်ကိုမသိကြပါဘူး။ ပုန်းကွယ်မနေဘဲ သင့်ရဲ့စစ်မှန်မှုကို ထုတ်ဖော်ပြသပါ။

၆။ အချိန်က အရာရာကို ကုစားပေးနိုင်ပါတယ်။ ဒါပေမဲ့ မရေတွက်ပါနဲ့။ ရေတွက်နေရင် အချိန်တွေက ပိုကြာ တတ်တာကြောင့် သူ့အလိုလိုကုန်ဆုံးသွားအောင်ပဲ စောင့်နေလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၇။ သင့်စိတ်ကို လွတ်လပ်ခွင့်အပြည့်အဝပေးထားလိုက်ပါ။ သွားချင်တာသွား၊ စားချင်တာစားပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ပြောင်းလဲမှုတွေလုပ်ပါ။ ဒါဆို သင့်စိတ်တွေ အတိတ်ထဲ အကျဉ်းကျမနေတော့ဘဲ ဝေဒနာသက်သာ လာမှာပါ။

၈။ သင်က စိတ်ဓာတ်ကြံ့ခိုင်သူ၊ စမတ်ကျသူ၊ ပြိုင်ဘက်ကင်းသူ၊ ပျော်ရွှင်နေသူ၊ အကောင်းမြင်တတ်သူလေးပါ။ အချစ်စစ်တွေနဲ့လည်း ထိုက်တန်ပါတယ်။ နာကျင်စရာတွေရှိနေရင်တောင် ဒါဟာ အသက်ရှင်နေတယ်။ ခံစား ချက်ရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်မို့ အဲ့ဒါကို လက်ခံဖို့ ကြိုးစားကြည့်ပါ။ ထုံကျင်နေတာထက်စာရင် နာကျင် နေတာက ပို ကောင်းတယ်ဆိုတာ သတိရလိုက်ပါ။

ယုံပါ။ အရာအားလုံးဟာ အချိန်တန်ရင် အဆင်ပြေသွားမှာပါ။ ဒါကို သင်ကျော်ဖြတ်နိုင်မှာ သေချာပါ တယ်။ ဒါကြောင့် ချစ်ခဲ့ဖူးသမျှကို မေ့ပစ်ဖို့ ခက်ခဲတာမှန်ရင်တောင် ဘဝအတွေ့အကြုံတစ်ခုအနေနဲ့ အကောင်း ဆုံးရင်ဆိုင်ကျော်ဖြတ်လိုက်ပါနော်။