ကလေးတွေရဲ့ Screen-time ကို ဘယ်လို ထိန်းချုပ်မလဲ။

blank

စာချစ်သူတို့ရေ….။

ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗွီတွေဟာ ကျွန်မတို့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာပြီးတဲ့နောက်မှာ ကလေးတွေရဲ့ screen-time ကို ထိန်းချုပ်ဖို့ဆိုတာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေပါပြီ။ ကျွန်မတို့ကိုယ်တိုင်တောင်မှ ဖုန်းအသုံးချမှုလျှော့ချဖို့ ခက်ခဲနေချိန်မှာ ကလေးတွေကို ဖုန်းအသုံးချမှုလျှော့ချစေဖို့ဆိုတာကလည်း သိပ်ကိုခက်ခဲလာပါတယ်။ ကလေးတွေအနေနဲ့ ဖုန်းအသုံးပြုများတဲ့အခါ….

  • ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှုတွေ လျော့ကျလာမယ်။
  • ဦးနှောက်ရဲ့ တုံ့ပြန်မှုစွမ်းရည်တွေ လျော့ကျလာမယ်။
  • ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေ လျော့ကျလာမယ်။
  • အာရုံစူးစိုက်မှုပြဿနာတွေရှိလာမယ်။
  • နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို အဟန့်အတားတွေဖြစ်လာမယ်။ အဝလွန်ရောဂါတွေ ဖြစ်လာမယ်။

ဒါ့ကြောင့် မိဘတွေအနေနဲ့ သားသမီးတွေရဲ့ screen-time ကို ထိန်းချုပ်ဖို့အတွက် အသုံးဝင်မယ့် အကြံဉာဏ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ ကလေးအတွက် screen-time အသုံးပြုချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။ သင့်ကလေးတီဗွီကြည့်တာပဲဖြစ်ဖြစ် သင့်အနေနဲ့ အဖော်ပြုပေးပါ။ ကလေးငြိမ်နေအောင် တီဗွီ၊ ဖုန်းတွေ ပေးကြည့်ထားပြီး ထိန်းကျောင်းတတ်တဲ့ အကျင့်ကိုပြင်ပါ။

၂။ ကလေးကို ဖုန်းအသုံးပြုမှု လွန်ကဲခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြထားပါ။ သင်ကိုယ်တိုင်က အားချိန်တိုင်း ဖုန်းကိုင်တတ်တဲ့ အကျင့်ကိုပြင်ပါ။

၃။ အိမ်မှာ ဖုန်းအသုံးမပြုရတဲ့ နေရာနဲ့အချိန်လေးတွေ သတ်မှတ်ထားပါ။ ဥပမာ-ထမင်းစားခန်း၊ အိပ်ခန်းတွေမှာ ဖုန်းအသုံးမပြုဘူး။ အိပ်ချိန်နီးလာရင် အားလုံးဖုန်းပိတ်ထားမယ်ဆိုတဲ့ စည်းကမ်းလေးတွေ ချထားပါ။

၎။ မိသားစုတွေ စကားပြောဖို့အချိန်၊ ဆော့ကစားဖို့ အချိန်လေးတွေ ဖယ်ထားပါ။ ကလေးဖုန်းကိုင်ဖို့ ပူဆာတဲ့အခါ စာအုပ်ဖတ်ပြတာမျိုး၊ အတူတူကစားပေးတာမျိုးတွေ လုပ်ဆောင်ပေးပါ။

၅။ ဖုန်းတွေ၊ ကွန်ပြူတာတွေကို password ခံထားပါ။ ကလေးငယ်ကို ပြမယ့် ဗွီဒီယိုတွေကို သင်အရင်ကြည့်ပါ။ ကလေးတစ်ယောက်ရဲ့ စိတ်ကိုအဆိပ်ခတ်နိုင်မယ့် ကြမ်းတမ်းတဲ့အရာတွေ၊ သတ်ဖြတ်တာတွေ ပါမပါအရင်စစ်ဆေးပါ။

၆။ ကလေးတောင်းဆိုတိုင်း တီဗွီဖွင့်ပေးတတ်တဲ့အကျင့်၊ ဖုန်းပေးကြည့်တတ်တဲ့ အကျင့်ကို ပြင်ပါ။ ငိုတဲ့အခါမှာ နားလည်အောင်ပြောပြပြီး ချော့ပါ။ စိတ်ပြောင်းသွားစေဖို့ ကစားနည်းတစ်ခုခု ကစားတာမျိုးတွေ လုပ်ဆောင်ပါ။

၇။ တီဗွီ၊ ဖုန်းအသုံးမပြုဘဲနေရင် ဆုသေးသေးလေးတွေနဲ့ ချီးမြှင့်ပေးပါ။ ချီးကျူးစကားပြောပေးပါ။

သင့်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့် ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။