မိခင်တစ်ယောက်အနေနဲ့ မိရှဲလ်အိုဘားမား (Michelle Obama) ရခဲ့တဲ့ သင်ခန်းစာ

blank

မိခင်တစ်ယောက် ဖြစ်လာတဲ့အခါ…။

သားသမီးပျိုးထောင်ခြင်းဆိုတာ ကလေးတွေဖြစ်ချင်တဲ့အရာတွေ၊ ဝါသနာတွေကို တူးဖော်နိုင်ဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးနဲ့ အခြေအနေတွေ ဖန်တီးပေးခြင်း ဆိုတာကို နားလည်လာခဲ့တယ်။

ကျွန်မငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တဲ့အရာတွေကို ကျွန်မကလေးတွေအလှည့်မှာ ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ထက် သူတို့လေးတွေရဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို ထုတ်ဖော်ပေးဖို့ အရေးကြီးတယ်ဆိုတာကို နားလည်လာခဲ့တယ်။

မိခင်တစ်ယောက်ဖြစ်ခြင်းဆိုတာ သားသမီးတွေကို ကိုယ်ဖောက်ထားတဲ့ လမ်းပေါ်ကို အဆင်သင့် လျှောက်လှမ်းစေတာမျိုး၊ လမ်းမှာရှိနေတဲ့ ဆူးငြှောင့်ခလုတ်တွေ အားလုံးကို ဖယ်ရှားပေးထားတာမျိုး မဟုတ်ဘူး။ ကလေးတွေ လျှောက်ချင်တဲ့လမ်းကို လုံခြုံမှုရှိအောင်၊ လဲကျတဲ့အခါ ပြန်ထဖို့  အားပေးရင်း ရောက်ချင်တဲ့နေရာကို ရောက်တဲ့အထိ လျှောက်လှမ်းသွားနိုင်အောင် ကူညီပေးခြင်းလို့ နားလည်လာခဲ့တယ်။

မိရှဲလ်အိုဘားမား (Michelle Obama) ဝေမျှပေးခဲ့တဲ့ အတွေ့အကြုံလေးက သင့်အတွက် အသုံးဝင်ရဲ့လား။ သင့်အမြင်လေးကကော ဘယ်လိုလဲ။ ဝေမျှပေးပါဦးနော်။