ချစ်သူနှစ်ဦးကြားက ဆွဲငင်မှုဆိုတာ ဘယ်လိုဖြစ်တည်လာတာလဲ

blank

ကိုယ့်ရဲ့ချစ်လှစွာသော ကောင်မလေးရေ……

ချစ်သူနှစ်ဦးကြားမှာရှိတဲ့ ဆွဲငင်မှုဆိုတာကလေ တစ်ယောက်နဲ့တစ်ယောက် ချစ်နေရုံ၊ တစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိပြီး ယုံကြည်နေရုံနဲ့ ဖြစ်မလာနိုင်ဘူးလေ။

တကယ်တော့ ဆွဲငင်မှုဆိုတာက ချစ်သူနှစ်ဦး တစ်ယောက်အပေါ်တစ်ယောက် စွဲလမ်းမှုကြောင့်ဖြစ်လာတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ယောက်အပေါ်တစ်ယောက် အချစ်တွေ၊ သစ္စာတရားနဲ့ ယုံကြည်မှုတွေမရှိဘဲ စွဲလမ်းနေရုံသက်သက်ပဲဆိုရင်လည်း အဲ့ဒီစွဲလမ်းမှုဟာ ဘာအဓိပ္ပာယ်မှမရှိဘူးလေကွာ။

အဲ့ဒီတော့ ကိုယ်တို့အချစ်ရေးခိုင်မြဲအောင် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြမယ်၊ တစ်ယောက်အပေါ်တစ်ယောက်လည်း သစ္စာရှိပြီး ယုံကြည်ကြမယ်လေ။ ဒါဆိုရင် ဆွဲငင်မှုဟာ ကိုယ်တို့ချစ်သူနှစ်ဦးဆီကို ရောက်လာလိမ့်မယ်လို့ ကိုယ်ကတော့ ယုံကြည်တယ်။ ကောင်မလေးလည်း ကိုယ့်လိုပဲ ယုံကြည်မယ်လို့ မျှော်လင့်မိပါတယ်။

ကောင်မလေးရဲ့ကိုကို

သင်ရော သင့်ချစ်သူကို ပြောချင်တဲ့စကားလေးတွေရှိရင် comment box မှာ မန့်ခဲ့နော်။