ကိုယ့်ဘဝကိုယ်ဖန်တီးနိုင်တဲ့မိန်းကလေးတွေက အချစ်မှာလွယ်လွယ်နဲ့ မကျရှုံးတတ်ကြဘူး

blank
၁။ သူတို့က အပျော်ရှာချင်ရုံသက်သက် ရည်းစားမထားတတ်ကြဘူး။

သူတို့ဘဝအတွက် တကယ်ပါရမီဖြည့်ပြီး သူတို့ကို ပျော်အောင်ထားနိုင်မယ့်သူကို တွေ့မှ ချစ်သူအဖြစ် လက်ခံတာဖြစ်ပါတယ်။

၂။ ချစ်ရခြင်းအကြောင်းပြချက်တွေ များများစားစားမရှိဘူး။

တချို့မိန်းကလေးတွေဆိုရင် ငွေရေးကြေးရေးအရ မှီခိုချင်လို့၊ တစ်ယောက်တည်းမနေချင်လို့ စတဲ့အကြောင်းပြချက်တွေကြောင့် ရည်းစားထား၊ အိမ်ထောင်ပြုကြတယ်။ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးတွေမှာတော့ ဘာလို့ချစ်တာလဲဆိုရင် ချစ်ချင်လို့ကို ချစ်တာဆိုတဲ့ အကြောင်းပြချက်ပဲ ရှိပါတယ်။

၃။ အရာရာတိုင်းကို အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်လေ့ရှိတယ်။

လူတစ်ယောက်ကိုချစ်တော့မယ်ဆိုရင်လည်း သေသေချာချာ စဉ်းစားပြီးမှ ချစ်တတ်တယ်၊ လက်ထပ်မယ်ဆိုရင်လည်း ချစ်သူနဲ့ကိုယ်နဲ့ တစ်ဘဝလုံးအဆင်ပြေနိုင်ပါ့မလားဆိုတာကို အထပ်ထပ်အခါခါ စဉ်းစားပြီးမှ လက်ထပ်ကြတယ်။ ဒီလိုအကျင့်တွေကြောင့် အချစ်မှာ လွယ်လွယ်မကျရှုံးတတ်တာ မဆန်းပါဘူးနော်။

၎။ အချစ်ကြောင့် ဘဝဆုံးဖြတ်ချက်ချရာမှာ တွေဝေမနေတတ်ဘူး။

ခရီးသွားချင်ရင် သွားလိုက်တာပဲ။ ရာထူးတိုးနဲ့ အလုပ်ကိုနယ်ပြောင်းရမယ်ဆိုလည်း ဘဝတက်လမ်းအတွက် ပြောင်းလိုက်တာပဲ။ အချစ်ကြောင့်ဆိုပြီး ဘာကိုမှ နောက်ဆံတင်းပြီး တွေဝေမနေတတ်ကြပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ကိုယ့်ဘဝကိုယ် ကိုယ့်နည်းကိုယ့်လမ်းနဲ့ ဖြတ်သန်းတယ်။

ဘဝနေထိုင်ဖြတ်သန်းမှုပုံစံနဲ့ပတ်သက်ပြီး ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တွေ၊ အမြင်တွေ မတောင်းခံတတ်ဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင်ပုံဖော်နေတဲ့အတွက် အချစ်မှာ လွယ်လွယ်နဲ့ မကျရှုံးတတ်ကြပါဘူး။

၆။ အဆင့်တန်းမြင့်မြင့်နေထိုင်ဖြတ်သန်းတတ်ကြတယ်။

အဆင့်အတန်းမြင့်တယ်ဆိုတာ ငွေကြေးချမ်းသာတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ သိက္ခာရှိတာ၊ မာနထားတာ၊ ရိုးသားဖြောင့်မတ်တာကို ဆိုလိုတာပါ။ အချစ်ကြောင့် ယောက်ျားတစ်ယောက်ဆီမှာ ဝပ်ဆင်းခယစရာမလိုဘူးလို့ ခံယူထားတာကြောင့် လွယ်လွယ်မချစ်တတ်ကြတာလည်း ဖြစ်နိုင်ပါတယ်။

၇။ ချစ်သူရှိနေဦးတောင် ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားတယ်။

ချစ်သူအဖြစ် ရွေးချယ်ထားတယ်ဆိုတာ အတူတူပျံသန်းဖို့ပါ။ သူ့လှောင်အိမ်ထဲ ဝင်နေဖို့မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးတွေကို ချစ်မိရင် သူတို့ကို ချုပ်ချယ်ဖို့၊ စွက်ဖက်ဖို့ မကြိုးစားသင့်ပါဘူးနော်။

သင်ကိုယ်တိုင်ကရော ဒီလို ကိုယ့်ဘဝကိုယ်ရပ်တည်တတ်တဲ့ မိန်းမတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီစာစောင်လေးကို ဂုဏ်ယူစွာ SHARE လိုက်ပါနော်။