Bff တစ်ဖြစ်လဲ အစ်မတစ်ယောက်ဆိုတာ…

blank

၁။ ဘယ်လိုအကြောင်းအရာမဆို သူ့ဆီမှာ ရင်ဖွင့်နိုင်တယ်။

၂။ သင့်ရဲ့အလွန်အကျူးစနောက်မှုတွေကိုလည်း နားလည်လက်ခံပေးနိုင်တယ်။

၃။ မိဘတွေ ဆူတဲ့အခါတိုင်း သင့်ရှေ့ကနေ ကာဆီးပေးတယ်။

၎။ Facebook နဲ့ Instagram မှာ သင်တင်သမျှပုံအားလုံးကို ကြိုက်ကြိုက် မကြိုက်ကြိုက် like လုပ်တယ်။

၅။ သင့်ဓာတ်ပုံတွေအားလုံးနီးပါးမှာ သူမပါနေတတ်တယ်။

၆။ သင့်အဝတ်အစားတွေကို သင်မသိအောင် ယူဝတ်တတ်တယ်။

၇။ လူတိုင်းကို သင်အရမ်းတော်ကြောင်း အမြဲပြောနေတတ်တယ်။

၈။ သင်တို့နှစ်ယောက် video call ပြောတဲ့အခါ သူ့ရုပ်သူပဲ ကြည့်နေတတ်တယ်။

၉။ ပါးစပ်ဟလိုက်တာနဲ့ သင့်ဗိုက်ထဲ အူဘယ်နှစ်ခွေရှိတယ်ဆိုတာက အစသိတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ အရွယ်မတူပေမယ့် သူငယ်ချင်းတွေလိုပဲ ပေါင်းလို့ရတယ်။

၁၁။ သူမဟာ သင့်ရဲ့ အတော်ဆုံး stylist တစ်ယောက်လည်းဖြစ်တယ်။

၁၂။ သင့်ကို ပေါက်ကရနာမည်တွေ ခေါ်တတ်တယ်။

၁၃။ နှစ်ယောက်မျက်နှာချင်းဆိုင်မိရင်လည်း အမြဲတကျက်ကျက်ရန်ဖြစ်နေတတ်တယ်။

၁၄။ သင့်ကို ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ ညီမထိရင်တော့ ဓားကြည့်ပဲ။

ကြောင်နဲ့ကြွက်လိုမျိုး အမြဲတစေရန်ဖြစ်နေကြပေမယ့် သူ့စိတ်ထဲမှာတော့ သင်ဟာ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ အလှဆုံး၊ အတော်ဆုံး၊ အံ့သြစရာအကောင်းဆုံး ညီမတစ်ယောက်လို့ ထင်နေတတ်သူပါနော်။

သင်လိုအပ်တဲ့အချိန်တိုင်း အနားမှာအမြဲရှိနေတတ်တဲ့ အစ်မကို mention ခေါ်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်ပါဦးနော်။