စပ်စုစိန်ကလေးတွေ ဖြစ်အောင် ဘယ်လိုပျိုးထောင်ကြမလဲ။

blank

ကလေးတွေရဲ့ စူးစမ်းချင်စိတ်လေးတွေကို လှုံ့ဆော်ပေးပါ။ စူးစမ်းချင်စိတ်က ကလေးတွေကို သင်ယူချင်စိတ်၊ ကြီးထွားလိုစိတ်နဲ့ သူတို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့အကြောင်းကို သိချင်စိတ်တွေကို ပိုမိုဖြစ်ထွန်းလာစေမှာပါ။ စူးစမ်းချင်စိတ်ပြင်းပြခြင်းဟာ ကလေးတွေကို အောင်မြင်တဲ့အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရာမှာ အထောက်အကူဖြစ်စေမယ့် တွေးတောဆင်ခြင်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို ဖွံဖြိုးတိုးတက်စေပါတယ်။ ကလေးတွေရဲ့ မေးခွန်းတွေကို မဖြေဆိုခင်မှာ သူတို့ဘာသာ အရင်အဖြေရှာစေပါ။ ပြီးမှ ဒီအကြောင်းအရာကို အတူတကွဆွေးနွေးခြင်းဖြင့် အဖြေကို ရအောင်လုပ်ပါ။

ကလေးတွေကို မေးခွန်းလေးတွေ ပြန်လည်မေးခြင်းအားဖြင့်လည်း သူတို့ရဲ့ သိချင်စိတ်တွေ တိုးပွားလာအောင်လုပ်ပါ။ သူတို့ဘာသာ အဖြေကို ရအောင်ရှာပါစေ။ ဒါဟာ ကလေးတွေကို သိချင်စိတ်များအောင်၊ အမေးအမြန်းထူလာအောင် တည်ဆောက်ပေးသွားမှာပါ။

စာချစ်သူမိဘတို့ကော ကလေးတွေကို စူးစမ်းချင်စိတ်တိုးပွားလာအောင် ဘယ်လိုပျိုးထောင်ဖြစ်ကြလဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။