ခင်ပွန်းသည်ကို ချစ်ရင် ဒါလေးတွေမလုပ်ပါနဲ့။

blank

စိတ်ပညာရှင်တွေရဲ့ အဆိုအရ …

၁။ ဒေါသထွက်တဲ့အခါမှာ ခင်ပွန်းသည်ရဲ့ သိက္ခာကို ကျဆင်းစေတဲ့ စကားတွေနဲ့ ထိုးနှက်တာမျိုး မလုပ်ပါနဲ့။

၂။ သူငယ်ချင်းတွေရဲ့ ခင်ပွန်းတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။

၃။ မိမိရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘဲ မနေပါနဲ့။

၎။ ကလေးတွေကိုပဲ ဂရုစိုက်လွန်းပြီး ခင်ပွန်းအပေါ် လျစ်လျူရှုမိတာမျိုးတွေ မလုပ်ပါနဲ့။

၅။ အတိတ်ကအမှားတွေကို တူးဆွပြီး စကားနာထိုးတာမျိုးတွေ မလုပ်ပါနဲ့။

၆။ ခင်ပွန်းသည်ရဲ့ ဝါသနာ၊ ရည်မှန်းချက်၊ ဘဝခံယူချက်တွေကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၇။ စကားများရန်ဖြစ်တဲ့အခါ လမ်းခွဲစကားတွေကို လွယ်လွယ်မပြောပါနဲ့။

၈။ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါ လိုက်ဖို့ပူဆာတာမျိုး၊ ဖုန်းတဂွမ်ဂွမ်ဆက်တာမျိုးတွေ မလုပ်ပါနဲ့။

၉။ ခင်ပွန်းသည်ရဲ့ အားနည်းချက်တွေကို အခြားလူတွေကို မပြောပြပါနဲ့။

၁ဝ။ ခင်ပွန်းသည်က ချစ်ခြင်းကိုဖော်ပြတတ်တဲ့ သင်္ကေတတွေကို လျစ်လျူရှုတာမျိုးမလုပ်ပါနဲ့။

သက်ဆိုင်သူကို သိစေချင်နေတာလေးတွေနဲ့ တိုက်ဆိုင်နေရင် ဝေမျှပေးလိုက်ပါဦးနော်။