ရိုးရိုးမွေးတာကောင်းလား၊ ခွဲမွေးတာကောင်းလား။

blank

          ကျွန်မဘဝရဲ့ဘယ်တော့မှမမေ့နိုင်စရာ အမှတ်တရနေ့လေးကို ပြောပါဆိုရင် ကျွန်မဗိုက်ထဲမှာ ရင်သွေးလေးလွယ်ထားရပြီဆိုတာ သိလိုက်ရတဲ့နေ့ပါပဲ။ မိသားစုကမ္ဘာလေးထဲကို ဆည်းလည်းလေး ရောက်လာတော့မယ်ဆိုတဲ့အသိနဲ့ ကျွန်မကော ကျွန်မခင်ပွန်းပါ အရမ်းပျော်ကြတယ်။ ကျွန်မရဲ့အပြင်း ပြဆုံးဆန္ဒကတော့ ကျွန်မတို့ဘဝထဲကို ပထမဆုံးဝင်ရောက်လာမယ့်ရင်သွေးလေးကို အမှားအယွင်းမ ရှိဘဲ အမေကော ကလေးပါ ကျန်းကျန်းမာမာနဲ့မွေးဖွားချင်တယ်။ မမြင်ဖူး၊ မူးမြစ်ထင်တယ်ပဲပြောပြော တစ်ခါမှမမွေးဖူးသေးတော့ အဆင်ပြေပါ့မလားလို့ စိတ်ပူမိတာလည်း အမှန်ပါပဲ။

မိခင်လောင်းတစ်ယောက်အနေနဲ့ မှန်ကန်တဲ့နေထိုင်၊ စားသောက်မှုဖြစ်ဖို့ နားလည်တတ်ကျွမ်း သူတွေဆီမေးရမြန်းရ၊ စာတွေဖတ်မှတ်လေ့လာရတာလည်း အများကြီးပါပဲ။

ပြီးတော့ အရေးကြီးဆုံးအနေနဲ့က ကလေးကိုရိုးရိုးမွေးရမလား၊ ခွဲမွေးရင်ကောင်းမလားဆိုတာ သိချင်မိတယ်။ ရှေ့မှာမွေးဖူးတဲ့မေမေတို့ကို မေးကြည့်တော့လည်း ရိုးရိုးမွေးတဲ့သူတွေက ရိုးရိုးမွေးတာ ပိုကောင်းတယ်လို့ ပြောကြတယ်။ ရိုးရိုးမွေးရင် သားသမီးကိုလည်း ကိုယ်ယူချင်သလောက် ယူလို့ရ တယ်။ ခွဲစိတ်မွေးတာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေမရှိတော့ဘူးတဲ့။ ခွဲစိတ်ပြီးတဲ့အခါ အလေးအပင် တွေလည်းမလို့မရတော့သလို သားသမီးလည်း အလွန်ဆုံးယူလို့ရရင် သုံးယောက်ပဲလို့ ပြောကြတယ်။ သားသမီးကို အများကြီးယူဖို့ စိတ်မကူးထားပေမဲ့ ခွဲစိတ်ပြီးတော့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿ နာတွေကိုတော့ကြုံရမှာ ကြောက်မိတယ်။

ဒါပေမဲ့ ခွဲစိတ်ပြီးမွေးတဲ့သူတွေကျတော့လည်း ခွဲမွေးတာက ပိုကောင်းတယ်လို့ အကြံပေးကြ ပြန်တယ်။ ရိုးရိုးမွေးတာက အခန့်မသင့်ရင် မွေးလမ်းကြောင်းမှာ ဒဏ်ရာရတာမျိုး၊ သားအိမ်ကျတာမျိုး တွေ ဖြစ်တတ်တယ်။ ခွဲမွေးတာကျတော့  လိုချင်တဲ့ရက်ကို မွေးလို့ရတယ်။ ရိုးရိုးမွေးတာလို မနာကျင် တော့ဘူးတဲ့။ ဆရာဝန်ကတော့ ကျွန်မက ကျန်းမာသန်စွမ်းတဲ့အရွယ်ကောင်းမိန်းကလေးမို့ အဆင်ပြေ တဲ့နည်းလမ်းကို ရွေးချယ်ပါလို့ပြောတယ်။

မွေးဖွားဖူးတဲ့မေမေတို့ရေ… ကျွန်မ ဘယ်လမ်းကိုရွေးရင် ပိုကောင်းမလဲဟင်။  အတွေ့အကြုံ လေးတွေဝေမျှရင်း အကြံပြုခဲ့ကြပါဦးနော်။

ကိုယ်ဝန်ဆောင်မေမေများအတွက် ကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကိုယ်ဝန် ဆောင်အားဆေး Obipluz တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။