ချစ်သူနဲ့ နှစ်ကိုယ်တူခရီးထွက်တဲ့အခါ…

blank

စိုးရိမ်ကြောင့်ကျမှုတွေအားလုံးကို လွှတ်ချလိုက်ပြီးတော့ အနားယူနိုင်မယ့် ပြီးပြည့်စုံတဲ့ ခရီးတစ်ခုကို ကျွန်မတို့အားလုံး လိုချင်ကြပါတယ်။ ချစ်သူနဲ့ အတူတူ ခရီးတိုလေးတစ်ခုထွက်နိုင်မယ်ဆိုရင်ကော ဘာတွေများ ပိုကောင်းလာနိုင်မလဲ။ တကယ်တော့ ချစ်သူနဲ့ အတူခရီးထွက်ခြင်းဟာ ချစ်သူနှစ်ယောက်ရဲ့ သံယောဇဉ်တွေကို တိုးမြှင့်ပေးနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခုပါ။

ခရီးထွက်နေစဉ်မှာ ချစ်သူနဲ့ အချိန်တွေအတူတူကုန်ဆုံးတာဟာ သိပ်ကိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူနဲ့အတူတူ အရာအားလုံးကို ဝေမျှနိုင်မယ်။ အတူတူဆော့ကစားနိုင်မယ်။ ပျော်စရာတွေကို အတူတူဖန်တီးနိုင်မှာမလို့ပါပဲ။ ဒီလိုစိတ်ချင်းနီးကပ်မှုဟာ ချစ်သူနှစ်ယောက်ကို ပိုမိုရင်းနှီးနွေးထွေးတဲ့အချစ်ရေးတစ်ခု ဖန်တီးနိုင်စေမှာပါ။

ခရီးထွက်နေစဉ်မှာ ချစ်သူကို မြင်ရတာဟာလည်း ခါတိုင်းမြင်နေကျပုံစံနဲ့ မတူဘဲ တမူထူးခြားနေသလို ခံစားရပါလိမ့်မယ်။ ဒါဟာ ပထမဆုံး ဆုံတွေ့ခဲ့ရတဲ့အချိန်ကို ပြန်လည်သတိရစေမှာပါ။

၁။ ချစ်သူကို မတူညီတဲ့ ဝန်းကျင်တစ်ခုမှာ မြင်ရခြင်းက အခြားရှုထောင့်တစ်ခုကနေ ကြည့်မြင်နေရသလိုပါပဲ။

ဘာလို့လဲဆိုတော့ ကျွန်မတို့စိတ်ဟာ ကြည်လင်လတ်ဆတ်နေတာကြောင့် စွန့်စားခန်းတစ်ခုပြုလုပ်နေရသလို ခံစားမိစေပြီး ချစ်သူနှစ်ဦးအတူတူ အမှတ်တရတွေကို ပိုမိုဖန်တီးနိုင်စေပါလိမ့်မယ်။

၂။ ခရီးထွက်တဲ့အချိန်ဟာ ချစ်သူကို ကိုယ့်ဘဝရဲ့ ရှင်သန်မှုကို ပိုမိုအဓိပ္ပာယ်ရှိလာစေလို့ ကျေးဇူးတင်ကြောင်း ပြောဖို့ အသင့်တော်ဆုံးအချိန်ပါပဲ။

ဒီလိုပြောဆိုလိုက်ခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေကို ပိုမိုရင်းနှီးဆက်နွယ်လာစေနိုင်ပြီး ချစ်သူနှစ်ဦးကြား ဆက်ဆံရေးတွေကိုလည်း ပိုမိုနွေးထွေးစေနိုင်ပါလိမ့်မယ်။

         ဒါကြောင့် နောက်တစ်ခါအားလပ်ရက်ရတဲ့အခါ ချစ်သူနဲ့ အတူတူခရီးထွက်ဖို့ လုံးဝမမေ့ပါနဲ့။ ချစ်သူနဲ့ အတူခရီးထွက်ခြင်းက ကောင်းကျိုးတွေအများကြီးယူဆောင်လာပေးနိုင်တယ်ဆိုတာ တွေ့ရမှာပါ။

စာချစ်သူတို့ကော ချစ်သူနဲ့ အတူခရီးထွက်ဖူးကြလား…

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။