ချစ်ခြင်းတွေကို ခိုင်မာသာယာစေသော အကြောင်းရင်းကြီး (၂) ချက်

blank

ချစ်သက်တမ်းမကြာသေးခင် ကွဲကြပြဲကြတာတွေ များလာတဲ့ ခေတ်ကြီးမှာ လူတိုင်းက ကြာရှည်တည်တံ့ပြီး သာယာတဲ့အချစ်ရေး၊ အိမ်ထောင်ရေးကို လိုချင်မက်မောကြတာ မဆန်းပါဘူး။

မတည်မြဲတဲ့အချစ်ရေးတွေ ရှိသလို သေတပန်သက်တဆုံး ပေါင်းဖက်သွားရတဲ့ ချစ်သူတွေလည်းရှိပါတယ်။ အဲဒီလို ကြာရှည်တည်တံ့တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူတွေဟာ

၁။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြင်နာတတ်ကြတယ်။

၂။ တစ်ယောက်ကို တစ်ယောက် စေတနာအပြည့်ထားတတ်ကြတယ်။

         ဒါဟာ အချစ်ရေးခိုင်မြဲဖို့ တန်ဖိုးကြီးလက်ဆောင်တွေ ဝယ်ပေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ပြီးတော့ ထမင်းစားရေသောက်ကအစ အသေးစိတ်ဂရုစိုက်ပြီး အမြဲတပူးတွဲတွဲရှိရမယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ TV ကို ကြည့်နေတာထက် ချစ်သူက စကားပြောနေတာကို ဂရုတစိုက်နဲ့ နားထောင်ပေးတာ၊ ရန်ဖြစ်တဲ့အခါတိုင်း အလျှော့ပေးပြီး ချော့တာ၊ ပြီးတော့ ဒေါသထွက်နေရင်တောင် ကောင်းကောင်းဆက်ဆံတာမျိုးကို ဆိုလိုတာပါ။ ဒါဟာ ချစ်ခြင်းတစ်ခုခိုင်မြဲဖို့အတွက် ငွေကြေးဥစ္စာ၊ အလှအပတွေထက် ပိုပြီး လိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြင်နာယုယမှုနဲ့ စေတနာထက်သန်မှုက အချစ်ရေးတစ်ခု ဖွံ့ဖြိုးခိုင်မာဖို့ လိုအပ်ပါတယ်။ ချစ်သူတွေ၊ လင်မယားတွေကြားမှာ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က သိရှိနားလည်နေသရွေ့ ဒီကြင်နာမှုနဲ့ စေတနာသဒ္ဓါတရားတွေကို နည်းလမ်းမျိုးစုံနဲ့ ထုတ်ဖော်ပြသနိုင်ပါတယ်။

သင့်ချစ်သူကို Mention ခေါ်ပြီး ဖတ်ခိုင်းလိုက်ပါဦးနော်။