ကလေးတွေကို ဘာကြောင့် အရုပ်အများကြီး ဝယ်မပေးသင့်တာလဲ။

blank

          ဖေဖေမေမေတို့ရေ…

မိဘတိုင်းကတော့ သားသမီးတွေနဲ့ပတ်သက်ရင် လိုလေသေးမရှိ ဖြည့်ဆည်းပေးချင်ကြသူ တွေချည်းပါပဲ။ အဲ့ဒီထဲမှာ ကလေးတွေအကြိုက်ဆုံးဖြစ်တဲ့ ကစားစရာအရုပ်တွေလည်းပါပါတယ်။ ဒါပေ မဲ့အရုပ်များများဝယ်ပေးတိုင်း ကလေးအတွက် မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတာ ဖတ်ကြည့်ပါဦး။

၁။ အရုပ်တွေက အစွဲအလန်းကိုဖြစ်စေပါတယ်။ အဲ့ဒီစိတ်က ကလေးအရွယ်ရောက်ချိန်မှာ တခြား အရာတွေအပေါ် အစွဲအလန်းကြီးတဲ့အကျင့်ကို ဖြစ်သွားစေပါတယ်။

၂။ ကလေးတောင်းဆိုတိုင်း ဝယ်ပေးတာက လိုချင်တာအမြဲတောင်းတတ်တဲ့အကျင့် စွဲသွားစေပါတယ်။

၃။ လိုချင်တာအမြဲရနေတဲ့ကလေးဟာ သူလက်ခံရရှိတဲ့အရာတွေကို တန်ဖိုးမထားတတ်တော့ဘဲ ဖြုန်း တီးတတ်တဲ့အကျင့်ပါ စွဲသွားနိုင်ပါတယ်။

၎။ အရုပ်တွေအများကြီးရှိနေတဲ့အတွက် တစ်ရုပ်ပြီးတစ်ရုပ်ပြောင်းကစားရင်း အာရုံစူးစိုက်မှုနဲ့ အာရုံစု စည်းမှုစွမ်းရည်ကို လျော့သွားစေပါတယ်။ အရွယ်ရောက်လာတဲ့အခါ စိတ်ပျံ့လွင့်လွယ်စေပါတယ်။

၅။ အရုပ်နည်းနည်းပဲရှိတဲ့ကလေးဟာ အိမ်မှာ အစားစားချင်စိတ်ပိုရှိပါတယ်။ အရုပ်တွေနဲ့ကစားရင်း စားတဲ့ကလေးဟာ နည်းနည်းပဲစားပြီး အိမ်မှာအစားစားရတာပျော်တဲ့စိတ်ကို လျော့စေပါတယ်။

၆။ အရုပ်အားလုံးရှိနေရင် ကိုယ်ပိုင်ကစားစရာတွေဖန်တီးဖို့ အိမ်ကရှိတဲ့ပစ္စည်းပစ္စယတွေနဲ့ စမ်းသပ် တော့မှာမဟုတ်တဲ့အတွက် ကလေးရဲ့တီထွင်ဖန်တီးမှုနဲ့စိတ်ကူးပုံဖော်မှုစွမ်းရည်ကို ထိခိုက်စေပါတယ်။

၇။ အရုပ်များများရှိတဲ့ကလေးတွေဟာ မကြာခဏပျင်းရိငြီးငွေ့တာတွေ ဖြစ်လာပါတယ်။ တစ်ရုပ် တည်းနဲ့ အကြာကြီးကစားနေရတဲ့ကလေးတွေက ငြီးငွေ့စိတ်ကိုကျော်လွှားဖို့ အသစ်အဆန်းတွေကို ရှာဖွေတတ်လာတယ်။ ဒါဟာ အသစ်အဆန်းသင်ယူလိုစိတ်ကို တည်ဆောက်ပေးပါတယ်။

၈။ အရုပ်နည်းနည်းပဲရှိတဲ့ကလေးတွေဟာ ရှိတဲ့ပစ္စည်းကို တန်ဖိုးထားကြတဲ့အတွက် သူတို့ဘဝမှာ ပိုင်ဆိုင်ထားတဲ့အရာတွေအပေါ်လည်း တန်ဖိုးထားစောင့်ရှောက်တတ်ကြပါတယ်။

၉။ ကစားစရာနည်းတဲ့ကလေးတွေဟာ စာရေး၊ စာဖတ်၊ အနုပညာနဲ့ တခြားသော လှုပ်ရှားမှုတွေ အပေါ် ပိုစိတ်ဝင်စားချိန်ရကြပါတယ်။ အဲ့ဒီလှုပ်ရှားမှုတွေက သူတို့ကို လှပတဲ့အရာတွေအပေါ် တန်ဖိုးထားစိတ်၊ လူသားဆန်တဲ့ခံစားမှုတွေကို ဖြစ်စေပါတယ်။ စကားစမြည်ပြောဖြစ်စေတယ်။

၁ဝ။ အရုပ်နည်းနည်းပဲရှိတဲ့ကလေးတွေဟာ လက်ထဲရှိတာလေးနဲ့ ဖြစ်အောင်ကစားတတ်ပြီး ဖြတ်ထိုး ဉာဏ်ကောင်းသူတွေဖြစ်လာပါတယ်။ မရှိခြင်းကို လက်ခံနားလည်တတ်လာပါတယ်။

၁၁။ အရုပ်အများကြီးရှိတာက ကလေးရဲ့စိတ်ကို ပိုပြီး တစ်ကိုယ်ကောင်းဆန်စေတယ်။ မျှဝေပေး လိုစိတ်၊ အသင်းအဖွဲ့စိတ်ကို မရှိစေဘဲ ပိုင်စိုးပိုင်နင်းစိတ်ကို ပိုဖြစ်စေပါတယ်။

၁၂။ အရုပ်နည်းနည်းပဲရှိတဲ့ကလေးတွေဟာ သန့်ရှင်း၊ သပ်ရပ်တဲ့အခန်းထဲမှာ နေထိုင်ရတဲ့အတွက် သူတို့ကြီးပြင်းလာတဲ့အထိ သပ်သပ်ရပ်ရပ်နေတတ်သွားတယ်။

၁၃။ အရုပ်နည်းနည်းပဲရှိတဲ့ကလေးတွေဟာ အပြင်ပိုထွက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုလေးတွေ ပိုလုပ်ဖြစ်ကြတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာလည်းကျန်းမာစေပြီး ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးစေပါတယ်။

ကဲ… ဖေဖေမေမေတို့ကော ကလေးတွေကို အရုပ်ဘယ်လိုဝယ်ပေးဖြစ်လဲ။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတ လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus  တို့မှ ပူပေါင်းစီစဉ်တင်ဆက်ထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှ ပေးလိုက်ပါဦး။