မိမိနဲ့သင့်တော်တဲ့ လက်တွဲဖော်ကို ရရှိစေမယ့် အလွယ်ကူဆုံးနည်း

blank

စာချစ်သူတို့ရေ…။

“ကိုယ့်ဘဝအတွက် သင့်တော်တဲ့ လက်တွဲဖော်ကို ဘယ်လိုရှာဖွေရမလဲ”တဲ့။ အိမ်ထောင်ပြုတယ်ဆိုတာက ပြန်ပြင်ဖို့ခက်ခဲတဲ့အမျိုးဆိုတော့ မိန်းကလေးတွေလိုပဲ ယောက်ျားလေးတွေမှာလည်း “အိမ်ထောင်ဖက်ရွေးချယ်တာ မှားသွားခဲ့ရင်” ဆိုတဲ့ စိုးစိတ်လေးရှိနေပါတယ်။

တကယ်တော့ မိမိအတွက် မှန်ကန်တဲ့ဘဝလက်တွဲဖော်ကို ရှာဖွေနိုင်မယ့်အလွယ်ကူဆုံးနည်းလမ်းကတော့ “မိမိကိုယ်ကို ကောင်းကောင်းသိနားလည်ခြင်း။ မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း” ပဲ ဖြစ်ပါတယ်။

အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့အတွက် အခြားလူတစ်ယောက်ဆီမှာ ရှိရမယ့် စံသတ်မှတ်ချက်တွေကို ချမှတ်ထားခြင်းဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေမယ်လို့ ရာနှုန်းပြည့်ပြောလို့မရနိုင်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ့်ဘဝကို အကောင်းဆုံးတည်ဆောက်ထားတာ..။

ကိုယ့်ရဲ့အကြောင်းကို ကိုယ်ကောင်းကောင်းသိတာ…။

ကိုယ်ကဘယ်လိုအပြုအမူတွေဆိုရင် လက်ခံနိုင်တာ၊ လက်မခံနိုင်တာ။

ကိုယ့်ရဲ့ ဘဝတန်ဖိုးတွေ၊ ရည်မှန်းချက်တွေကို ကောင်းကောင်းသိထားမယ်ဆိုရင် လက်တွဲဖော်ကောင်းတစ်ယောက်ကို လွယ်လွယ်ကူကူရှာဖွေနိုင်စေမှာပါ။

ကိုယ့်ဘဝထဲကို ဝင်လာမယ့်သူ၊ ကိုယ့်ဘဝကို တစ်ဝက်ခွဲပေးရမယ့်သူဟာ ကိုယ်တန်ဖိုးထားတဲ့အရာတွေနဲ့ ညှိနှိုင်းလို့မရအောင် ပြဒါးတစ်လှမ်းသံတစ်လှမ်းဖြစ်နေတယ်ဆိုရင် ဘဝခရီးလမ်းမှာလည်း စိတ်ဆင်းရဲနေရမှာအသေအချာပါပဲ။ ဒါ့ကြောင့် အခြားလူတစ်ယောက်ကို မချစ်ခင်မှာ ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးချစ်မြတ်နိုးတတ်ဖို့ နားလည်ဖို့ ကြိုးစားလိုက်ပါနော်။