အမေဆိုတာ မိသားစုကမ္ဘာလေးကို နှလုံးသားနဲ့ကာကွယ်ပေးတဲ့သူရဲကောင်းတစ်ယောက်

blank

မေမေရေ…

ချစ်တဲ့ခင်ပွန်းသည်နဲ့ သားသားမီးမီးတွေအတွက် ဝေယျာဝစ္စတွေနဲ့ နိစ္စဓူဝလုံးပန်းရင်း ခြေကုန် လက်ပန်းကျနေပြီလား။

တစ်နေ့ပြီးတစ်နေ့ မပြီးဆုံးနိုင်တဲ့တာဝန်တွေကြားမှာ မောပန်းနွမ်းလျနေခဲ့ပြီလား။

တစ်ယောက်တစ်မျိုးဖြည့်ဆည်းပေးနေရတဲ့ သားသမီးတွေရဲ့တောင့်တပူဆာမှုတွေအောက်မှာ စိတ်ပင်ပန်းမွန်းကြပ်နေခဲ့မိပြီလား။

အိမ်ရှင်မတစ်ယောက်ရဲ့ဘဝဟာ ကန့်လန့်ကာနောက်ကွယ်မှာပဲ ပြီးဆုံးသွားတော့မှာလားလို့ ခံစားမိနေပြီလား။

တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူးနော်။

မိသားစုအတွက် မေမေက ပြီးပြည့်စုံသူတစ်ယောက်ပါ။

မိသားစုအတွက် မေမေက အရေးကြီးဆုံးသူပါ။

မိသားစုအတွက် မေမေက အဖိုးထိုက်တန်ဆုံးသူပါ။

လက်ရှိအချိန်ဟာ မေမေချစ်တဲ့မိသားစုအတွက် မဖြစ်မနေဖြတ်သန်းနေရတဲ့ အဆင့်တစ်ခုသာ ဖြစ်တယ်။ ခက်ခဲတယ်။ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတယ်။ မိန်းမတစ်ယောက်ရဲ့ဘဝမှာတော့ တကယ့်ကို ရူး ချင်စရာအချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တာဝန်ကျေတဲ့မိခင်တစ်ယောက်ဖြစ်ဖို့ တာဝန် ဝတ္တရားတွေက မရေမတွက်နိုင်အောင် များပြားလှတာကိုး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါပေမဲ့ အဆုံးသတ်ချိန်ရောက်တဲ့အခါ မေမေ့အတွက် အမောပြေချိန်လေးပြန်ရောက်လာ ဦးမှာပါ။ မိသားစုရဲ့အလှပဆုံးအနာဂတ်လေးတစ်ခုကို မေမေတည်ဆောက်နေတာပါ။ အခု အချိန် မှာကြုံနေရတဲ့နည်းလမ်းပေါင်းစုံသောအခက်အခဲတွေကြောင့် ကျေးဇူးပြု၍ မေမေမပြိုလဲလိုက်ပါနဲ့။

မေမေဟာ မိသားစုစားဝတ်နေရေးအတွက် ရှေ့တန်းကရုန်းကန်ပေးနေတဲ့ ဖေဖေ့လိုပဲ မိသား စုကို နှလုံးသားနဲ့တည်ဆောက်ပေးနေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။

  • မေမေ့ကိုကြည့်နေတဲ့မျက်လုံးသေးသေးလေးတွေထဲမှာ မေမေဟာ အားကိုးစရာသူရဲကောင်း တစ်ယောက်
  • မေမေကျွေးတဲ့အစားအစာတွေကို စားနေကြတဲ့ပါးစပ်လေးတွေအတွက် မေမေဟာ အကောင်း ဆုံးအာဟာရဓာတ်ပေးသူတစ်ယောက်
  • မေမေ့လက်ကိုဆုပ်ကိုင်ထားကြတဲ့လက်သေးသေးလေးတွေအတွက် မေမေဟာ ကမ္ဘာပေါ်မှာ အကြံ့ခိုင်ဆုံးလက်ပိုင်ရှင်တစ်ယောက်
  • မေမေ့အကြင်နာရိပ်အောက် နွေးနွေးထွေးထွေးခိုလှုံခွင့်ရနေကြတဲ့ နှလုံးသားလေးတွေအတွက် မေမေဟာ ဘာနဲ့မှနှိုင်းယှဉ်မရသလို အစားထိုးစရာလည်းမရှိတဲ့ မရှိမဖြစ်သူတစ်ယောက်ပါ။

ဒါကြောင့် မပြိုလဲလိုက်ပါနဲ့နော်။ မေမေဟာ မိသားစုအတွက်တော့ အကောင်းဆုံးသူရဲကောင်း တစ်ယောက်ပါပဲ။

မေမေတွေအတွက် စိတ်ဓာတ်ခွန်အားပေးဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။