ကလေးတွေအတွက် သက်စောင့်ဓာတ်များ (သို့မဟုတ်) ဗီတာမင်နဲ့ သတ္တုဓာတ် ၆ မျိုး

ဖေဖေမေမေတို့ရေ…

ဥယျာဉ်မှူးတိုင်းက ကိုယ်စိုက်ပျိုးလိုက်တဲ့ပန်းကလေးတိုင်းကို ငွားငွားစွင့်စွင့် လှလှပပ ပွင့်စေချင်သလို ပဲ  ဖေဖေမေမေတိုင်းကလည်း ကိုယ့်ရင်သွေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်ကြပါတယ်။ ပိန်နေရင် စိတ်ပူရ၊ ခဏခဏ ဖျားနာနေရင် ဆေးခန်းပြေးရနဲ့ မိဘတွေရဲ့ အလုပ်ကလည်း မလွယ်ပါဘူး။ ဒါပေမဲ့ ကလေးတွေကို ကျန်းမာအောင် စောင့်ရှောက်ကာကွယ်ပေးမယ့် သက်စောင့်ဓာတ်လို ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို သိထားရင်တော့ တစ်နည်းစိတ်အေးစရာပါ။ အဲ့ဒီဓာတ်လေးတွေက ဘာတွေလဲဆိုရင်…

၁။ ဗီတာမင် A

ဗီတာမင် A ဟာ အမြင်အာရုံကိုကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ အင်တီ အောက်ဆီဒင့်စ်လည်း ရရှိစေပြီး ရောဂါဖြစ်ပွားမှုနှုန်းတွေကို လျော့ကျစေပါတယ်။ ဗီတာမင် A ကို နို့ထွက် ပစ္စည်းများ၊ အသီးများနဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်ကဲ့သို့ ဟင်းသီးဟင်းရွက်အမျိုးမျိုးနဲ့ မုန်လာဥနီတို့ကနေ ရရှိနိုင် ပါတယ်။

၂။ Lysine

Lysine ဆိုတာ ခန္ဓာကိုယ်ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အမိုင်နိုအက်ဆစ်ဖြစ်ပါတယ်။ လူ တွေဟာ သဘာဝအားဖြင့် အမိုင်နိုအက်ဆစ်ကို မထုတ်လုပ်နိုင်တာကြောင့် အစားအစာနဲ့ ဖြည့်စွက်စာတွေ ဆီကနေ ရယူရပါတယ်။ Lysine ဟာ ကလေးရဲ့အရိုးနဲ့ သွားတွေ ခိုင်မာစေဖို့ ခန္ဓာကိုယ်အတွက် ကယ်လ်စီယမ် ဓာတ်တွေကို စုပ်ယူစေဖို့ ကော်လာဂျင်ကို ကူညီထုတ်လုပ်ပေးပါတယ်။ ကလေးကို ပဲအမျိုးမျိုး၊ ငါး၊ အနီရောင် အသားတွေနဲ့ နို့ထွက်ပစ္စည်းတွေကို ကျွေးပါ။

၃။ ဗီတာမင် C

ဗီတာမင် C က သွားဖုံးတွေကျန်းမာစေပြီး၊ အရိုးတွေကို ခိုင်ခံ့စေပြီး အနာကျက်လွယ်စေပါတယ်။ ဗီတာ မင် C ကို အရည်ရွှမ်းတဲ့အသီးများ၊ ပန်းမုန်လာ၊ ငရုတ်သီးမှည့်နဲ့ ခရမ်းချဉ်သီးစတဲ့ အစားအစာတွေအပြင် အာ ဟာရပြည့်ဝတဲ့ ဖြည့်စွက်စာများဆီကနေ ရရှိနိုင်ပါတယ်။

၎။ ဗီတာမင် D

ဗီတာမင် D ဟာ အရိုးတွေနဲ့ သွားတွေကျန်းမာအောင် ထိန်းသိမ်းပေးဖို့ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပါတယ်။ နံနက်ခင်းနေရောင်ခြည်ကနေလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကောက်ပဲသီး နှံများ၊ နို့၊ ဆယ်လ်မွန်ကဲ့သို့ ငါးကြီးဆီတွေမှာလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။

၅။ သံဓာတ်

သံဓာတ်ဆိုတာ ကလေးတွေမှာ လိုအပ်တဲ့ ကျန်းမာတဲ့သွေးနီဆဲလ်တွေအတွက် မရှိမဖြစ်သတ္တုဓာတ် တွေ ဖြစ်ပါတယ်။ သံဓာတ်ရရှိဖို့ဆိုရင် ပင်လယ်စာများ၊ စပျစ်သီးခြောက်၊ အစိမ်းရင့်ရောင် အသီးအရွက်များနဲ့ အနီရောင်အသားတို့ကို ကျွေးပေးပါ။ ပေါင်ချိန်မပြည့်တဲ့ကလေး၊ စောပြီး မွေးဖွားတဲ့ကလေးတွေဟာ သွေးအား နည်းရောဂါ ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။ ကလေးမှာ သံဓာတ်ချို့တဲ့ရောဂါ ဖြစ်ရင် ဗီတာမင် B Complex နဲ့ Iron (သံဓာတ်) တို့ကို တွဲပြီး တိုက်ကျွေးပေးပါ။

၆။ ဇင့်ဓာတ်

ကလေးတွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ တခြားသော ကျန်းမာရေးဆိုင်ရာ ရလဒ်တွေအတွက် ဇင့်ဓာတ်က အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဇင့်ဓာတ်ကို အနီရောင်အသား၊ အစေ့အဆန်များ၊ ပေါင်မုန့်၊ ကောက်ပဲသီးနှံများ၊ ပဲစေ့များ၊ ပင်လယ်စာ တို့ကနေ ရရှိနိုင်ပါတယ်။

ကဲ… သက်စောင့်ဓာတ်လေးတွေကို သိပြီဆိုတော့ တခြားဖေဖေမေမေတို့ကိုလည်း မျှဝေ လက်ဆင့် ကမ်းပေးလိုက်ပါဦးနော်။

စာချစ်သူဖေဖေမေမေတို့ ကျန်းမာပျော်ရွှင်တဲ့ ရင်သွေးလေးတွေကို ပြုစုပျိုးထောင်နိုင်စေဖို့ ယခုစာ စောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။