အိမ်မှာပဲကလေးနဲ့နေရမလား။ အပြင်ထွက်ပြီးတော့ပဲ အလုပ်လုပ်ရမလား။

blank

          ကျွန်မက အိမ်ထောင်သက် (၄) နှစ်ထဲဝင်လာပြီဖြစ်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ အခု ဆိုရင် ကျွန်မတို့မှာ တစ်နှစ်ကျော်အရွယ်ချစ်စရာသားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါပြီ။ စီး ပွားရေးအနေနဲ့လည်း အချမ်းသာကြီးမဟုတ်ရင်တောင် အတန်အသင့်ပြည့်စုံပါတယ်။ အိမ်ထောင်ရေး အနေနဲ့လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်ခင်ကြင်နာမှုရှိပြီး သာယာတဲ့ အိမ်ထောင် ရေးကို ပိုင်ဆိုင်ထားတယ်။

အဓိကပြဿနာက အဲ့ဒီလိုအဖက်ဖက်က ပြေလည်မှုပါပဲ။

ကျွန်မက အိမ်ထောင်မကျခင်၊ မိဘနဲ့နေကတည်းက ကျောင်းပြီးပြီးချင်း လုပ်ငန်းခွင်နယ်ပယ် ထဲ ဝင်ရောက်ခဲ့တဲ့သူပါ။ အပျိုဘဝကတည်းက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အတွက် အဆင်ပြေတဲ့ အ ပြင် မိဘကိုပါ ကျွေးမွေးနိုင်ခဲ့တယ်။ ဒါကြောင့် အိမ်ထောင်ကျတော့လည်း သားလေးမွေးဖို့ အကြောင်း ကြောင်းကြောင့် အလုပ်ထွက်လိုက်ရပေမဲ့ ကလေး၂ နှစ်ကျော်ရင် အလုပ်ပြန်ဆက်လုပ်မယ်လို့ စိတ် ပိုင်းဖြတ်ထားပြီးပါ။ ဒါနဲ့ ကိုယ်ဝန်စရှိကတည်းက သားလေးကို သေချာဂရုစိုက်တယ်။ မိခင်ကော က လေးပါ ကျန်းမာအောင် အစစအရာရာ နေထိုင်စားသောက်ပြီး သားလေးကို မွေးခဲ့တယ်။ မွေးလာ တော့လည်း ကလေးကို သူ့အရွယ်နဲ့သူ ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးလေးဖြစ် အောင်  ကျွန်မ ပြုစုစောင့်ရှောက်ခဲ့တယ်။ လိုအပ်တဲ့ဖြည့်စွက်စာတွေ ကျွေးတယ်။ ဗီတာမင် C ကြွယ်ဝ တဲ့ အားဆေးတွေ တိုက်တယ်။ ကျွန်မစိတ်ကူးက သားလေးနှစ်နှစ်ပြည့်တဲ့အခါ လုပ်ငန်းခွင်ပြန်ဝင် မယ်။ နောက်ထပ် ရင်သွေးမယူမချင်း ကျွန်မ အလုပ်လုပ်မယ်။ အလုပ်လုပ်ရတာ ကျွန်မကြိုက်တယ်။ အမြဲ ကြိုးစားနေရတဲ့ ဘဝကို ကျွန်မနှစ်သက်တယ်။ ပြီးတော့ ကျွန်မက အိမ်ထောင်ကျပြီးတာနဲ့ ရှိသမျှ အရည်အချင်း အားလုံးကို ချောင်ထိုးပြီး မီးဖိုချောင်ထဲ မှာ အချိန်ကုန်သွားမယ့် မိန်းမတစ်ယောက် မဖြစ်ချင်ဘူး။ အလုပ်လုပ်မယ်။ ဇနီးမယား၊ မိခင်အနေနဲ့ လည်း မိသားစုအပေါ် တာဝန်ကျေမယ်။ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ မိန်းမတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ ယုံကြည်စွာ လျှောက်လှမ်း ချင်တယ်။

ဒါပေမဲ့ လူကြီးမိဘတွေနဲ့ ကျွန်မခင်ပွန်းသည်ကတော့ အဲ့ဒီလိုမမြင်ကြဘူး။ စီးပွားရေးအနေနဲ့ ပူပန်စရာမလိုတာမို့ ကလေးကို ထားပြီးမသွားစေချင်ကြဘူး။ မူကြိုထားတာဖြစ်ဖြစ်၊ သူနာပြုဆရာမနဲ့ ဖြစ်ဖြစ်ထားလို့ရပေမဲ့ ကလေးအနေနဲ့ ကျောင်းမနေမချင်း မိခင်ရဲ့အချိန်ပြည့်ဂရုစိုက်မှုကို ရရှိသင့် တယ်လို့ သူတို့က ဆုံးဖြတ်ကြတယ်။ ငွေအတွက် ပူပန်စရာအနေအထားမဟုတ်ဘဲ အလုပ်လုပ်ချင်တဲ့ ကျွန်မကို သူတို့နားမလည်ကြဘူး။ ကျွန်မက ငွေအတွက်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ အမြဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ဘဝကို တည်ဆောက်ချင်လို့ အလုပ်လုပ်ချင်တာ။ သားသမီးတွေကို စိတ်ဓာတ်ကြံ့ ခိုင်ပြီး ကျန်းမာတဲ့ ကလေးတွေအဖြစ် အရွယ်ရောက်ကြီးပြင်းလာစေဖို့ မိခင်ရဲ့ကြံ့ခိုင်ထက်မြက်မှုက အလွန်အရေးကြီးတယ်လို့ ယုံကြည်တယ်။ ပြီးတော့ ကျွန်မကိုယ်တိုင်စိတ်ခွန်အားပြည့်နေမှ ကိုယ့် ခင်ပွန်းကိုလည်း ခွန်အားပေးနိုင်မယ်။ ကျွန်မအဲ့ဒီလိုတွေးပေမဲ့ သူတို့က မတွေးကြဘူး။ ငွေကြေး မကြပ်တည်းတိုင်း ဇနီးမယားက အလုပ်မလုပ်ရတော့ဘူးလား။ လူကြီးတွေ၊ ခင်ပွန်းသည်နဲ့ အတိုက် အခံလုပ်ပြီးတော့ပဲ ကျွန်မယုံကြည်ရာဘဝကို ရွေးချယ်ရမလား။ ကလေးနဲ့အတူနေပြီး အိမ်ထဲမှာပဲ အချိန်ကုန်ခံရမလား။

ကျွန်မဘာဆက်လုပ်ရမလဲဟင်။

ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကလေးတွေရဲ့ကိုယ်ခံစွမ်းအားပြည့်ဝကျန်းမာစေတဲ့ Ceelin Plus တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။