သူမ ဘာကြောင့်ပြောင်းလဲသွားတာလဲ။

blank

“မိန်းမတွေဟာ အပြောင်းအလဲမြန်တယ်” လို့ ယောကျာ်းလေးအများစု ပြောလေ့ရှိတတ်ကြပါတယ်။ အထူးသဖြင့် ကိုယ့်ကို ရူးခါနေအောင် ချစ်ခဲ့တဲ့ မိန်းမတစ်ယောက်က ကိုယ့်ကိုကျောခိုင်းထားခဲ့နိုင်လောက်အောင် ပြတ်သားသွားနိုင်တဲ့ တစ်နေ့မှာ ယောကျာ်းလေးတစ်ယောက် မချိတင်ကဲပြောမိတဲ့ စကားလေးပေါ့။ ဒါပေမဲ့ သူမဘာကြောင့်ပြောင်းလဲသွားတာလဲ လို့ကော စဉ်းစားမိဖူးရဲ့လား။ အသည်းနင့်အောင် ချစ်ခဲ့တဲ့ ချစ်သူတစ်ယောက်ကို ကျောခိုင်းသွားနိုင်လောက်အောင် အသည်းမာသွားရတဲ့ အကြောင်းအရင်းလေးတွေကတော့…..။

၁။ သူမအားငယ်တိုင်း၊ အကူအညီလိုအပ်နေတဲ့အချိန်တိုင်းမှာ ချစ်သူတစ်ယောက်အနေနဲ့ ရပ်တည်ပေးနိုင်ခြင်း လုံးဝမရှိလို့၊ အချိန်တော်တော်များများမှာ အထီးကျန်မှုတွေကို ခံစားနေရလို့…..

၂။ ချစ်သူစိတ်တိုင်းကျလိုက်နေပေးရင်း စိတ်ပင်ပန်းလာလို့

၃။ ချစ်သူတစ်ယောက်လုံး ဘေးနားမှာ ရှိနေတာတောင်မှ တခြားကောင်မလေးတွေကို ငေးနေတဲ့ ချစ်သူကို စိတ်ကုန်လာလို့….။

၎။ အသေးအဖွဲလေးတွေကအစ ချုပ်ချယ်လွန်းတဲ့ ချစ်သူကြောင့် စိတ်တွေမွန်းကြပ်လာလို့…။

၅။ သူမကိုယ်သူမ ယုံကြည်မှုတွေလျော့နည်းလောက်အောင် လုပ်သမျှအရာတိုင်းကို မကောင်းပြောဝေဖန်နေတာကို မခံစားနိုင်တော့လို့….။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ဘဝတန်ဖိုးတွေ၊ တန်ဖိုးထားမှုတွေက ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေလို့…။

၇။ ရင့်ကျက်မှုမရှိတဲ့ အတွေးတွေကို စိတ်မရှည်နိုင်တော့လို့…။

၈။ တစ်ဖက်သတ်ကြီးပဲ ပေးဆပ်နေရတာကို စိတ်ကုန်လာလို့

၉။ သင်ဟာ စိတ်အပြောင်းအလဲမြန်လွန်းလို့

၁ဝ။ သင်တို့နှစ်ယောက်ရဲ့ အနာဂတ်အစီအစဉ်တွေက မတူညီလို့

ဒီအချက်တွေကို ကိုယ့်ချစ်သူက လုပ်မိနေပြီဆိုရင် ပြန်လည်ပြင်ဆင်နိုင်စေဖို့အတွက် မန်းရှင်းခေါ်ပြီး သတိပေးလိုက်ပါဦးနော်။