အဖြူရောင်စည်းလေးကို ဖြတ်ကျော်လိုက်တဲ့အခါ…

blank

အချစ်ရဆုံးသူငယ်ချင်းလေးက ချစ်မြတ်နိုးကြောင်း ရင်ဖွင့်လာတဲ့အခါမှာ သူငယ်ချင်းကို ပြန်ချစ်မိရင် ရှိရင်းစွဲ သံယောဇဉ်တွေပါ ပျောက်ပျက်သွားမလားလို့ ချစ်ရက်နဲ့ တွေဝေနေမိပြီလား။ တကယ်တော့ အချစ်ဆုံးသူငယ်ချင်းကို ချစ်သူအဖြစ်ပါ ပိုင်ဆိုင်လိုက်နိုင်ဖို့ဆိုတာ တော်ရုံကံကောင်းမှုမျိုးနဲ့ မရနိုင်ပါဘူးနော်။ ချစ်သူတွေ ဖြစ်သွားကြပြီဆိုပေမယ့် သူငယ်ချင်းဘဝကနေ စခဲ့တာဆိုတော့ အချင်းချင်းနားလည်မှုတွေ အပြည့်အဝရှိပြီးသားမို့ပါပဲ။ သူငယ်ချင်းလေးကို ချစ်သူတော်ထားရတယ်ဆိုတာ ပျော်ရွှင်စရာကောင်းလွန်းပါတယ်နော်။ ဒါကြောင့် အဖြူရောင်စည်းလေးကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်လိုက်နိုင်တဲ့အခါ ရရှိလာနိုင်တဲ့ အကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သူငယ်ချင်းတစ်ဖြစ်လဲ ချစ်သူလေးဟာ

၁။ သင့်အတွက် အမြဲတမ်းအသင့်ရှိနေမှာပါ။

၂။ သင့်ကို ရယ်မောပျော်ရွှင်နေစေမှာပါ။

၃။ သင့်ရဲ့ ဂျစ်ကန်ကန်အပြုအမူလေးတွေကိုတောင် ချစ်မြတ်နိုးနေမှာပါ။

၎။ သင့်အပေါ် မင်းသမီးလေးတစ်ပါးလို ဆက်ဆံမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်အပေါ် အပြည့်အဝယုံကြည်မှုရှိမှာပါ။

၆။ သင့်အပေါ် အရာရာမှာ ပွင့်လင်းမှုရှိမှာပါ။

၇။ သင့်ရဲ့အဆိုးအကောင်းတွေအားလုံးကိုလည်း လက်ခံပေးနိုင်မှာပါ။

ဒါကြောင့် သူငယ်ချင်းလေးကို ရင်ထဲက ကြိတ်ပုန်းချစ်မနေဘဲ မြန်မြန်သာထုတ်ပြောလိုက်ပါတော့နော်။