ဂျပန်မိဘတွေရဲ့ ကလေးပြုစုပျိုးထောင်ပုံ နည်းလမ်း(၅)ခု

ဂျပန်ကလေးငယ်တွေဟာ တကယ်ကိုအံ့အားသင့်စရာကောင်းပါတယ်။ သူတို့ကို ပြုစုပျိုးထောင်လာတဲ့ နည်းလမ်းတွေအရ သူတို့ဟာ ယဉ်ကျေးတယ်။ ဖော်ရွေတယ်။ ပြီးတော့ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ကြပါတယ်။ ဂျပန်မှာဆိုရင် စူပါမားကတ်ထဲမှာ အော်ဟစ်ငိုယို ဂျီကျုနေတဲ့ ကလေးတစ်ယောက်ကို တွေ့ဖို့ဆိုတာ တော်တော်ကိုခက်ခဲပါလိမ့်မယ်။

ဂျပန်မိဘတွေဆီကနေ အတုယူသင့်တဲ့ ကလေးပြုစုပျိုးထောင်နည်းလေး (၅)ခုကို ဂန္ထဝင်မှ မျှဝေပေးလိုက်ပါတယ်နော်။

၁။ အသက်(၅)နှစ်အရွယ်အထိ ကလေးကို အလိုလိုက်တယ်။

ဂျပန်မှာဆိုရင် မိခင်တွေဟာ ကလေးနဲ့တူတူအိပ်စက်ပြီးတော့ သွားရာနေရာတိုင်း ကလေးကို ခေါ်ဆောင်သွားတတ်ပါတယ်။ မွေးစကနေ အသက်(၅)နှစ်အရွယ်ထိ ကလေးကို သူ့စိတ်တိုင်းကျနေထိုင်ဖို့ ခွင့်ပြုထားတတ်ကြပါတယ်။ ဒီလိုခွင့်ပြုပေးအားခြင်းဖြင့် ကလေးအနေနဲ့ “မိဘတွေဟာ ငါ့အပေါ် အရမ်းကောင်းကြတာပဲ” လို့ခံစားမိစေနိုင်ပါတယ်။

၂။ ကလေးတွေကို အဆင့်(၃)ဆင့်နဲ့ ပြုစုပျိုးထောင်တယ်။

ဂျပန်နိုင်ငံရဲ့ ကလေးပြုစုပျိုးထောင်ပုံစနစ်အရ ကလေးတွေကို အသက်(၅)နှစ်မတိုင်ခင်ထိ ဘာအလုပ်မှမလုပ်စေဘဲ အေးဆေးနေစေပါတယ်။ အသက်(၅)နှစ်ကနေ (၁၅)နှစ်ဆိုရင်တော့ လူကြီးဖြစ်ပြီလို့ ယူဆကြပြီး အိမ်အလုပ်တွေကို စတင်လုပ်ကိုင်စေပါတော့တယ်။

ပထမဆုံးအဆင့်မှာ မိဘတွေဟာ သူတို့ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းနဲ့ ဂရုစိုက်မှုတွေကို ကလေးတွေအပေါ် ပြသကြပါတယ်။ ဒုတိယအဆင့်မှာလည်း အချစ်တွေ ပျောက်ကွယ်သွားတာတော့မဟုတ်ပေမယ့် ကလေးကတော့ လူမှုဘဝရဲ့ စည်းမျဉ်းတွေကို သင်ယူလာရပြီး ကိုယ်ပိုင်ဖြစ်တည်မှုကို စတင်ရှာဖွေလာရပါပြီ။ ကလေးနဲ့ မိခင်ကြားက ဆက်နွှယ်မှုဟာ အရမ်းခိုင်မာလွန်းတာကြောင့် ကလေးတွေဟာ မိခင် စိတ်မပျက်အောင် အရာအားလုံးကို ကြိုးစားလုပ်ဆောင်တတ်ကြပါတယ်။

တတိယအဆင့်ရောက်သွားပြီဆိုရင်တော့ ကလေးဟာ လူ့အဖွဲ့အစည်းထဲမှာ ကောင်းကောင်းဝင်ဆံ့နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဆွေမျိုးသားချင်းတွေကလည်း ဝိုင်းဝန်းစောင့်ရှောက်ကြတယ်။

အမေတွေဟာ ကလေးကို ပျိုးထောင်ပြီးတော့သူတို့ရဲ့အချိန်တွေကို ကလေးနဲ့အတူပဲ ကုန်ဆုံးတတ်ကြပါတယ်။ ဂျပန်လူမျိုးတွေဟာ ကလေးတွေကို အသက်သုံးနှစ်မပြည့်ခင်အထိ မူကြိုမပို့သင့်ဘူးလို့ လက်ခံထားကြတယ်။ ကလေးထိန်းလည်း မငှားတတ်ကြဘဲ အဘိုးအဘွား၊ ဆွေမျိုးတွေကပဲ ကလေးကိုဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်တတ်ကြပါတယ်။  မိသားစုနဲ့ အဘိုးအဘွားဆက်ဆံရေးဟာ နွေးထွေးလွန်းပြီးတော့ အချင်းချင်းလည်း ဂရုစိုက်ကြပါတယ်။

၎။ မိဘတွေဟာ ကလေးရဲ့ စံပြပုဂ္ဂိုလ်ဖြစ်အောင် နေထိုင်တယ်။

ဂျပန်မိခင်တွေဟာ ကလေးတွေကို အလုပ်စေခိုင်းတဲ့အခါ အတင်းမလုပ်ခိုင်းပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ အရင်လုပ်ပြပြီးတော့မှသာ လိုက်လုပ်စေပါတယ်။

၅။ ကလေးရဲ့ စိတ်ခံစားချက်လေးတွေကို ဂရုစိုက်တယ်။

ဂျပန်မိခင်တွေဟာ ကလေးတွေရဲ့ စိတ်ခံစားမှုတွေကို အလေးထားပါတယ်။ ကလေးတွေကို အရှက်ရအောင် ဘယ်တော့မှမလုပ်ပါဘူး။ တခြားသူတွေရဲ့ စိတ်ခံစားမှုတွေကို နားလည်အောင် သင်ပြပြီးတော့ နောက်ဆုံး အသက်မရှိတဲ့ အရာဝတ္ထုတွေအပေါ်မှာတောင်မှ မလေးမစားမလုပ်တတ်အောင် သင်ပြထားတတ်ကြပါတယ်။

စာချစ်သူတို့အနေနဲ့ ဂျပန်လူမျိုးတွေရဲ့ ကလေးပြုစုပျိုးထောင်နည်းလေးတွေထဲက ဘယ်အချက်လေးတွေကို နှစ်သက်သဘောကျမိတယ်ဆိုတာ comment box မှာမျှဝေပေးခဲ့ပါဦးနော်။