မီးဖွားချိန်မှာ လိုအပ်မယ့်ပစ္စည်းတွေကို ကြိုတင်ဝယ်ယူထားတာ အပြစ်လား။

blank

          ကျွန်မက ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ပါ။ ကျွန်မအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ လိုအပ်တာတွေကို ဂရုစိုက်လိုက်နာခဲ့သလို ကလေးလေးကို မွေးဖွားဖို့အတွက် အစစအရာရာ ပြင်ဆင်ထားခဲ့ပါတယ်။

ရင်သွေးလေး ရောက်လာတော့မယ်ဆိုတာကို သိလိုက်ရကတည်းက…

  • သားဖွားမီးယပ်ဆရာဝန်ဆီမှာ အပ်ပြီးတော့ လိုအပ်တဲ့ အကြံဉာဏ်တွေကို တောင်းခံခဲ့တယ်။
  • ဆရာဝန်ညွှန်းတဲ့ ကိုယ်ဝန်ဆောင်အားဆေးကို စနစ်တကျသောက်ခဲ့တယ်။
  • စားသုံးသင့်တဲ့ အစားအစာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း လေ့လာခဲ့တယ်။

ကိုယ်ဝန်လအနည်းငယ်ရလာတော့လည်း…။

  • ဆရာဝန်ညွှန်ကြားတဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ပြီး ခွဲမွေးတာကောင်းမလား။ ရိုးရိုးမွေးတာကောင်းမလား တိုင်ပင်တယ်။
  • ခင်ပွန်းနဲ့တိုင်ပင်ပြီး မီးဖွားဖို့အတွက် ဆေးရုံတွေအကြောင်း စုံစမ်းတယ်။ ကျွန်မတို့တတ်နိုင်တဲ့ ဘတ်ဂျတ်နဲ့ ချိန်ဆပြီး ရွေးချယ်တယ်။

ကိုယ်ဝန်လရင့်လာတဲ့အခါမှာ…။

  • မီးဖွားချိန်မှာ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူစုဆောင်းတယ်။
  • ကလေးအတွက် အနှီးတွေ၊ အဝတ်အစားတွေ၊ ကလေးသုံးပစ္စည်းတွေကို ပြင်ဆင်တယ်။
  • ကလေးလေး အိမ်ရောက်လာတဲ့အခါ အဆင်သင့်ဖြစ်နေအောင် အခန်းကို ပြင်ဆင်တယ်။ ပုခက်လေးတွေကို အဆင့်သင့်ဖြစ်အောင်လုပ်တယ်။

ကျွန်မခင်ပွန်းကတော့ ကလေးအတွက် အဆင့်တိုင်းမှာ ထောင့်စေ့နေအောင် စီမံပြင်ဆင်နေတဲ့ ကျွန်မကို ပြုံးပြုံးနဲ့ ကြည့်နေတတ်တယ်။ ကိုယ့်မိန်းမက သိပ်ကိုစနစ်ကျတာပဲတဲ့။ အခုဆိုရင် ကျွန်မပြင်ဆင်ထားတဲ့ စာရင်းရွက်ကြီးကိုကြည့်ပြီး ဈေးပတ်ဝယ်နေရပြီ။ အခုမှ ကိုယ်ဝန်က ခုနှစ်လကျော်ကျော်ကို စောပါသေးတယ်ကွာတဲ့။ ကျွန်မကတော့ ကလေးအတွက် ကြိုပြီးပြင်ဆင်ထားတဲ့အခါ…။

  • အရေးတကြီးလိုအပ်တာတွေ မကျန်သွားအောင်ကူညီပေးနိုင်တယ်။
  • အဝတ်အစားတွေ၊ အနှီးတွေကို လျှော်ဖွတ်မီးပူတိုက်ထားတာက ပိုစိတ်ချရတယ်။
  • မီးဖွားပြီးချိန်မှာ ပင်ပန်းနေချိန်မှာ ပစ္စည်းအစုံအလင်ရှိနေတော့ စိတ်အေးရတယ် လို့ယုံကြည်တယ်။

ကျွန်မခင်ပွန်းနဲ့ကျွန်မ မွေးဖွားလာမယ့်ရင်သွေးလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားစွာ ပြင်ဆင်နေတုန်းမှာ နယ်မှာနေတဲ့ ကျွန်မယောင်းမက ကျွန်မတို့အိမ်အလည်ရောက်လာခဲ့တယ်။ သူက ကျွန်မတို့ကလေးအတွက် ပြင်ဆင်ထားတဲ့အရာတွေကို ကြည့်ပြီး ကိုယ်ဝန်ဆောင်ချိန်ကတည်းက ပစ္စည်းတွေကို ကြိုတင်ပြီး မဝယ်ထားကောင်းဘူးလို့ပြောပါတယ်။ အထူးသဖြင့် ကလေးရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပေါ့။ ကျွန်မက သူပြောတာကို ဂရုသိပ်မစိုက်ပေမယ့် ဘယ်လိုနိမိတ်ဆိုးတွေရောက်လာတတ်တာ၊ ကလေးအတွက် ဘယ်လိုအန္တရာယ်တွေရှိတာ စတာတွေကို နေ့စဉ်ရက်ဆက်ပြောဆိုနေပါတော့တယ်။ ကျွန်မလည်း အဲ့ဒါတွေကို အယုံအကြည်မရှိပေမယ့် စိတ်အနှောင့်အယှက်ဖြစ်မိတာတော့ အသေအချာပါပဲ။ ကျွန်မခင်ပွန်းရဲ့  လေးစားရတဲ့ အစ်မကြီးဆိုတော့ ကျွန်မခင်ပွန်းကပါ ပြင်ဆင်ဖို့အတွက် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာပါတော့တယ်။

မီးဖွားချိန်မှာ လိုအပ်မယ့်ပစ္စည်းတွေကို ကြိုတင်ဝယ်ယူထားတာက တကယ်ပဲမကောင်းတာလား စာချစ်သူတို့ပဲ ဖြေပေးကြပါရှင်။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Obipluz တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးထားပါတယ်ရှင်။