ဘဝလက်တွဲဖော်ကောင်းဆိုတာ….

ဘဝလက်တွဲဖော်ကောင်းဆိုတာဟာ ကိုယ့်ဘဝကို ပြည့်စုံစေမယ့်သူလား။ မဟုတ်ပါဘူး။ တကယ်တော့ လက်တွဲဖော်ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ကောင်းကောင်းရပ်တည်နိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ပေါ်လာစေတဲ့သူပါ။

လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ….

  • အပြစ်အနာအဆာလေးတွေကို ခွင့်လွှတ်နားလည်ပေးတတ်ပြီး အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ဖေးမကူညီပေးတတ်တဲ့သူပါ။
  • နှုတ်ကထုတ်ဖော်ပြောပြစရာမလိုဘဲ စိတ်ဒဏ်ရာတွေကို မြင်နိုင်ပြီးတော့ ဒဏ်ရာ တွေကို ကိုယ်ကိုယ်တိုင်အချိန်ယူကုစားနိုင်စေဖို့ ကူညီအားပေးနေတဲ့သူပါ။
  • ကိုယ့်လုပ်ဆောင်နိုင်စွမ်းနဲ့ ကျွမ်းကျင်မှုတွေကိုသိပြီး ကိုယ့်ကိုယ်ကိုယ် အမြဲပြိုင်ဆိုင်နေဖို့ တိုက်တွန်းတတ်တဲ့သူပါ။
  • ကိုယ့်ကို အမြင်ကျယ်စေပြီး ကိုယ့်ဘဝကိုလည်း တိုးတက်ပြောင်းလဲစေတဲ့သူပါ။
  • အောင်မြင်သွားလို့ သူ့ကို ပြန်လှည့်မကြည့်ရင်တောင် အပြစ်မမြင်ဘဲ မုဒိတာပွားပေးနိုင်မယ့်သူပါ။
  • ဘဝအတွက် ကြိုးစားနေရလို့ သူ့ကိုအချိန်မပေးနိုင်ရင်တောင် နားလည်ပေးနိုင်တဲ့ သူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် လက်တွဲဖော်ဆိုတာဟာ ကိုယ့်ကို ပြည့်စုံစေမယ့်သူမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံအောင်လုပ်ဖို့ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့သူပါ။ ကိုယ်သွားရာလမ်းတွေကို တည့်မတ်စေ ပြီးတော့ ပျော်ရွှင်မှုတွေပေးစွမ်းနိုင်တဲ့သူပါ။ ဒါကြောင့် လက်တွဲဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်ထားတဲ့သူတွေဟာ ဘဝရည်မှန်းချက်တွေ ပြည့်ပါ့မလားလို့ ပူပန်နေစရာကိုမလိုပါဘူး။

ဒီလိုဘဝလက်တွဲဖော်ကောင်းလေးတွေကို ပိုင်ဆိုင်ထားပြီဆိုရင် mention ခေါ်ပြီး သူ့အချစ်တွေကို အသိအမှတ်ပြုပေးလိုက်ပါနော်။