ကိုယ်ဝန်ဆောင်ဖို့ ဘယ်အသက်အရွယ်က အသင့်တော်ဆုံးလဲ။

blank

          အိမ်ထောင်တစ်ခုထူထောင်ပြီးသွားတဲ့အခါ သာယာတဲ့မိသားစုဘဝကို ပိုင်ဆိုင်ဖို့ မိသားစု စီမံ ကိန်းကလည်း အရေးကြီးပါတယ်။  သားသမီးဘယ်နှယောက်ယူမယ်၊ အသက်ဘယ်နှနှစ်ခြားပြီး မွေး မယ်စသဖြင့် ကိုယ့်စီမံကိန်းနဲ့ကိုယ် ချမှတ်ကြပါတယ်။ ဒါဟာ မိသားစုစီးပွားရေး၊ သားသမီး ပညာရေး အထိ ရေရှည်ဆွဲလိုက်တဲ့စီမံကိန်းဆိုပေမဲ့ မွေးဖွားမယ့် မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ သင့်တော်တဲ့ အသက်အရွယ်ဖြစ်ဖို့လည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့သဘာဝအရ မိခင်ကော၊ ကလေးပါကျန်းမာဖို့ဆိုရင် ကိုယ်ဝန်ဆောင်သင့်တဲ့အသက်အရွယ်ကို ရွေးချယ်တတ်ဖို့ လိုအပ်တာကြောင့်ပါ။ အသက်ငယ်ရွယ် လွန်းရင် မွေးဖွားဖို့အဆင်မပြေသလို အသက်အရွယ်ကြီးရင့်တော့လည်း မိခင်နဲ့ကလေးအတွက် အ ဆင်မပြေဖို့များပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အသက် ၃ဝ အရွယ်ကနေ မွေးဖွားနိုင်စွမ်း က စတင်ကျဆင်းလာပါတယ်။ အသက် ၄၅ နှစ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေပါ ကျဆင်းသွားပြီ ဖြစ်ပါ တယ်။ ဒါဟာ အသက်အရွယ်ရလာတာနဲ့အမျှ သားအိမ်က မျိုးဥအရေအတွက်ထုတ်လုပ်မှုလည်း ကျ ဆင်းလာလို့ဖြစ်ပါတယ်။ ဒါ့အပြင် ၃ဝ ကျော်၊ ၄ဝ ကျော်မှ ကိုယ်ဝန်ဆောင်ပြီးမွေးဖွားမယ်ဆိုရင် မိခင် အနေနဲ့လည်း ကျန်းမာရေးထိခိုက်နိုင်သလို မွေးဖွားလာမယ့်ရင်သွေးလေးအနေနဲ့လည်း Down syndrome တို့လို နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ခြေရှိပါတယ်။  ကလေးတွေမှာ Down syndrome ဖြစ်နိုင်ခြေဟာ…

  • မိခင်အသက် ၂ဝ အရွယ်မှာ မွေးဖွားရင် ၁၄၈ဝ မှာ ၁ ရာခိုင်နှုန်း
  • မိခင်အသက် ၃ဝ အရွယ်မှာ မွေးဖွားရင် ၉၄ဝ မှာ ၁ ရာခိုင်နှုန်း
  • မိခင်အသက် ၃၅ အရွယ်မှာ မွေးဖွားရင် ၃၅၃ မှာ ၁ ရာခိုင်နှုန်း
  • မိခင်အသက် ၄ဝ အရွယ်မှာ မွေးဖွားရင် ၈၅ မှာ ၁ ရာခိုင်နှုန်း
  • မိခင်အသက် ၄၅ အရွယ်မှာ မွေးဖွားရင် ၃၅ မှာ ၁ ရာခိုင်နှုန်း

လို့ ညွှန်းကိန်းတွေမှာ ဖော်ပြထားပါတယ်။ အသက်ငယ်လေ ဖြစ်နိုင်ခြေရာခိုင်နှုန်းနည်းပါးလေ ဆိုတာကို တွေ့ရမှာပါ။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်မယ်ဆိုရင် အသင့်တော်ဆုံးအရွယ် ကတော့ အသက် ၂ဝ ဝန်းကျင်အရွယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရွယ်ဟာ မျိုးဥ အရည်အသွေးလည်း အကောင်းဆုံးဖြစ်တာကြောင့်ပါပဲ။

ကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေ ရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကိုယ်ဝန်ဆောင်အားဆေး Obipluz တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။