ဂျစ်ကန်ကန်ကလေးဆိုးလေးတွေရဲ့ ဂျစ်တိုက်ရခြင်းအကြောင်းရင်းများ

blank

၁။ ကလေးက ဆတ်ဆတ်ထိမခံဖြစ်ပြီး စိတ်တိုလွယ်တတ်နေတယ်ဆိုတာ…

မိဘတွေရဲ့ အရေးစိုက်မှုနဲ့ ဂရုစိုက်မှုတွေကို လုံလုံလောက်လောက်မရခဲ့လို့ဖြစ်ပါတယ်။ လူတွေရဲ့ အာရုံစိုက်ခံရဖို့ ဒီလို ငိုယိုဒေါသထွက်တတ်တဲ့ နည်းလမ်းပဲရှိတယ်လို့ ထင်နေလို့ဖြစ်ပါတယ်။

၂။ ကလေးက အခြားသူတွေအပေါ် မနာလိုဝန်တိုစိတ်တွေရှိနေတယ်ဆိုတာ…

မိဘတွေက သူ့ကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုပြီး နှိမ့်ချတတ်လို့ဖြစ်ပါတယ်။

၃။ ကလေးက ခက်ခဲတဲ့အခြေအနေတွေကို လက်မခံနိုင်၊ ရင်မဆိုင်နိုင်ဖြစ်နေတယ်ဆိုတာ…

မိဘတွေက လူအများရှေ့မှာ ကလေးကို ဆူပူငေါက်ငမ်းတတ်လွန်းလို့ဖြစ်ပါတယ်။

၎။ ကလေးက လျှို့ဝှက်တတ်ပြီး လူကြောက်တတ်တယ်ဆိုတာ…

မိဘတွေက ကလေးကို ဒေါသတကြီးနဲ့ကြမ်းတမ်းစွာ ပြုမူပြောဆိုတတ်ကြလို့ဖြစ်ပါတယ်။

၅။ ကလေးက ရှက်ကြောက်လွန်းပြီး တွေဝေနေတတ်တယ်ဆိုတာ…

မိဘတွေက ကလေးကို နေရာတကာမှာ စိုးရိမ်ပူပန်လွန်းပြီး ကိုယ်တိုင်လုပ်နိုင်တဲ့အလုပ်တွေကိုတောင် ကူညီလုပ်ကိုင်ပေးလွန်းလို့ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကလေးက လိမ်ညာပြောဆိုတတ်တယ်ဆိုတာ…

မိဘတွေက ကလေးရဲ့အမှားတစ်ခုကို ထပ်တလဲလဲ ပြန်ပြောပြီး ဆူပူအပြစ်တင်နေတတ်လို့ဖြစ်ပါတယ်။

၇။ ကလေးက လူကြီးတွေကို လေးစားသမှုမရှိဘူးဆိုတာ…

မိဘတွေက ကလေးရဲ့ ခံစားချက်တွေကို နားမထောင်ဘဲ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကလေးတွေကို ဇွတ်အတင်းပုံသွင်းခဲ့လို့ဖြစ်ပါတယ်။

၈။ ကလေးက ရိုင်းစိုင်းပြီး တခြားကလေးတွေကို အနိုင်ကျင့်တတ်တယ်ဆိုတာ…

မိဘ (သို့) မိသားစုဝင်တစ်ဦးဦးကြောင့်ပါ။ လူကြီးတွေရဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့  အပြုအမူတွေကို ကလေးတွေက အလွယ်တကူ အတုခိုးတတ်ကြပါတယ်။

၉။ မိဘက ဘယ်လောက်ဝယ်ပေးပေး တခြားကလေးတွေဆီက အရုပ်တွေလိုက်လုနေတတ်တယ်ဆိုတာ…

မိဘက တစ်ခုခုဝယ်ပေးတဲ့အခါ ကလေးကြိုက်တာကို မရွေးခိုင်းဘဲ မိဘကြိုက်တာကိုပဲ ရွေးဝယ်ပေးတတ်လို့ပါ။ ကလေးစိတ်ကြိုက်ရွေးဝယ်ခွင့်မရလို့ပါ။

သင့်ထင်မြင်ချက်လေးတွေကိုလည်း comment box မှာ SHARE ပေးခဲ့ဦးနော်။