ဘယ်လိုလူစားမျိုးတွေက လွယ်လွယ်နဲ့ ဖောက်ပြန်တတ်ကြတာလဲ

blank

တချို့ကပြောတယ် “ယောက်ျားတွေက ဖောက်ပြန်တတ်တယ်”တဲ့။ တချို့ကတော့ “မိန်းမတွေ သစ္စာမရှိဘူး” လို့ ပြောကြပြန်တယ်။ တကယ်တော့ ဖောက်ပြန်တယ်ဆိုတာ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ဖောက်ပြန်ချင်တဲ့စိတ်ရှိလို့ကို ဖောက်ပြန်ကြတာပါ။

သစ္စာမရှိတဲ့ တချို့ယောက်ျားတွေရော၊ တချို့မိန်းမတွေပါ မတူညီတဲ့အကြောင်းရင်းတွေကြောင့် ကိုယ့်လက်တွဲဖော်အပေါ် သစ္စာဖောက်ကြပါတယ်။

အမျိုးသားတွေ ဖောက်ပြန်ရတဲ့ အဓိကအကြောင်းရင်းက စွန့်စားချင်တဲ့စိတ်အရင်းခံလေးအပေါ်မှာ မိန်းမတစ်ယောက်ကို အလွယ်တကူချစ်နိုင်တဲ့စိတ်လေး ကပ်ပါနေလို့ပါ။ ပြီးတော့ စိတ်မတည်ငြိမ်မှု၊ မရင့်ကျက်မှုတွေကြောင့်လည်း ဖောက်ပြန်တတ်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အရှင်းဆုံးပြောရရင် ပွေချင်ရှုပ်ချင်ပြီး မိန်းမလိုက်စားတဲ့သူက ပိုပြီး ဖောက်ပြန်လွယ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမျိုးသမီးတွေမှာတော့ ဖောက်ပြန်ရခြင်းအကြောင်းရင်းက နည်းနည်းကွဲပြားပါတယ်။ အမျိုးသမီးတွေဖောက်ပြန်ရခြင်းက ပျော်ရွှင်မှုနဲ့ စိတ်ခံစားမှုကို ဦးစားပေးလို့ဖြစ်ပါတယ်။ စိတ်ဆင်းရဲအောင်လုပ်တဲ့ချစ်သူထက် ပျော်ရွှင်မှုပေးနိုင်တဲ့သူကို ရွေးကြတယ်။ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းတွေကြားမှာ သာယာချင်တဲ့သူက ပိုက်ဆံရှိတဲ့သူနောက်ကို ပါသွားကြတယ်။ အလွယ်ပြောရရင် လက်ရှိအချစ်ရေး၊ အိမ်ထောင်ရေးမှာ မပျော်တဲ့အမျိုးသမီးတွေက ပိုပြီး ဖောက်ပြန်လွယ်ကြပါတယ်။

လေ့လာချက်အရ သိရတဲ့နောက်တစ်ချက်ကတော့ “အမျိုးသားတစ်ယောက် ဖောက်ပြန်တော့မယ်ဆိုရင် ခန့်မှန်းရလွယ်ပြီး၊ အမျိုးသမီးတစ်ယောက် သစ္စာပျက်နေပြီဆိုတာကိုတော့ အလွယ်တကူမသိနိုင်ဘူး” ဆိုတာပါပဲ။

သင့်ထင်မြင်ချက်လေးတွေကို comment မှာ ဝေမျှခဲ့ပါဦးနော်။