ကိုယ်ဝန်ဆောင်ချိန်မှာစိတ်ချမ်းသာအောင်နေမှ ကျန်းမာပျော်ရွှင်တဲ့ကလေးကို မွေးဖွားနိုင်မှာပါ။

blank

ရင်သွေးလွယ်ထားတဲ့မေမေတို့ရေ…

ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ယောက်ရဲ့ဘဝဆိုတာ အနေအထိုင်၊ အစားအသောက်က အစ အစစအရာရာ ဂရုစိုက်ရခြင်းတွေနဲ့ပြည့်နေတဲ့ဘဝဖြစ်ပါတယ်။ ဂရုစိုက်နိုင်မှလည်း မေမေကော ဗိုက်ထဲက အူဝဲလေးပါ ကျန်းမာမှာမို့ ဘာပဲလုပ်လုပ် နှစ်ယောက်စာထည့်တွက်ပြီး ဆင်ခြင်ရပါတယ်။ ဒီ နေရာမှာ မေမေအများစု သိချင်ကြတာက ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိတ်ခံစားမှုအဆိုးအကောင်းက ဗိုက်ထဲက ရင်သွေးလေးအပေါ် သက်ရောက်မှုရှိမရှိဆိုတာပါ။

တကယ်တော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိတ်ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေက ဗိုက်ထဲကရင်သွေးငယ်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေတယ်လို့ ဆေးပညာရှင်တွေက သုံး သပ်ထားကြပါတယ်။ မိခင်ကြုံတွေ့ရသမျှတိုင်းဟာ ကလေးကြုံတွေ့ရသလိုပါပဲ။ ဥပမာ- ကိုယ်ဝန် ဆောင်ချိန်မှာ မိခင်အနေနဲ့ စိတ်ဖိစီးမှုတွေ ခံစားရတာဟာ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေ တိုး လာလို့ ဖြစ်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ထားတဲ့ သားအိမ်အပေါ်လည်း အကျိုးသက်ရောက်စေတဲ့ အတွက် သန္ဓေသားရဲ့နှလုံးခုန်နှုန်းက မြန်ဆန်လာပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် မိခင်သွေးတိုး ရင်လည်း ကလေးဆီရောက်သွားတဲ့သွေးလည်ပတ်မှုတွေက ကလေးရဲ့အာဟာရပြည့်ဝမှုနဲ့ ကြီးထွားမှု အပေါ် ထိခိုက်စေပါတယ်။ မိခင်ရဲ့စိတ်ခံစားမှုအဆိုးတွေက အဆိုးဆုံးအနေနဲ့ ကလေးသေပျောက်တဲ့ အထိတောင် သက်ရောက်မှုရှိစေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်နေချိန်အတွင်း စိတ်ချမ်းသာမှုရှိ အောင် နေထိုင်တတ်ဖို့ အရေးကြီးလှပါတယ်။ အကောင်းမြင်စိတ်မွေးပါ။ ပျော်ရွှင်အောင်နေပါ။ စိတ် အေးချမ်းမှုရရှိစေမယ့်အရာတွေကိုလုပ်ပါ။ စိတ်ပူလောင်စေမယ့် ဒေါသထွက်စရာ အပြုအမူတွေကို ရှောင်ကြဉ်ပါ။ ဒါမှသာ မေမေလည်းကျန်းမာပြီး ဗိုက်ထဲက ရင်သွေးလေးပါ ကျန်းမာမှာပါ။ မွေးဖွားပြီး ရင်လည်း ကျန်းမာပျော်ရွှင်တဲ့ကလေးအနေနဲ့ အရွယ်ရောက်ကြီးပြင်းနိုင်မှာ ဖြစ်ပါတယ်။

မေမေတို့အနေနဲ့လည်း ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချမ်းသာအောင်ထားဖို့ ချစ်ခင်ပွန်းကိုလည်း မှာထားလိုက်ပါဦးနော်။

မိခင်နဲ့ရင်သွေးငယ်များကျန်းမာရေးဆိုင်ရာဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကိုယ်ဝန်ဆောင် အားဆေး Obipluz တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။