တွေ့ကရာကို ပါးစပ်ထဲကောက်ထည့်နေတဲ့ ဘေဘီပေါက်စနလေးကြောင့် စိတ်ညစ်နေတယ်ဆိုရင်။

blank

သင့်ရဲ့ဘေဘီလေးဟာ သူ့ရဲ့ရှေ့မှာရောက်လာတဲ့အရာတိုင်းကို ယူပြီးပါးစပ်ထဲထည့်တဲ့ အရွယ်ကိုရောက်နေပြီလား။ လောကကြီးထဲရောက်လာပြီး ပထမတစ်နှစ်အတွင်းမှာပဲ ကလေးလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့အရာလေးတွေကို အကြား၊အမြင်၊အနံ့၊အထိအတွေ့၊အရသာ စတဲ့ အာရုံငါးပါးကို အသုံးပြုပြီးလေ့လာပါတော့တယ်။ သူတို့လေးတွေကို အဲ့ဒီအာရုံလေးတွေနဲ့ ထိတွေ့ပေးလေလေ၊ ပိုပြီးသင်ယူနိုင်လေလေပါပဲ။

ကလေးငယ်တွေအနေနဲ့ အရာဝတ္ထုလေးတွေရဲ့ မာမှု၊ပျော့မှု၊ အရသာ၊ အသံရှိမရှိ စတာတွေကို လေ့လာချင်တဲ့အခါ အဲ့ဒီအရာလေးတွေကို ပါးစပ်ထဲထည့်ကြည့်တတ်ပါတယ်။ မတူတဲ့ပုံစံ၊ အထိအတွေ့တွေကို သူတို့လေးတွေက ပါးစပ်ထဲထည့်ပြီး လေ့လာတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်ကလေးအနေနဲ့ အရာဝတ္ထုပစ္စည်းတွေကို ပါးစပ်ထဲကောက်ထည့်နေတယ်ဆိုရင် ကလေးဆီက အရာဝတ္ထုတွေကို အလောတကြီးလုယူတာမျိုးတွေ မလုပ်ပါနဲ့။ သင့်ကလေးငယ်ရဲ့ သင်ယူခြင်းဖြစ်စဉ်မှာ အန္တရာယ်ကင်းစေဖို့သာ သင့်ဖက်က ဂရုစိုက်ပေးဖို့ လိုပါတယ်။

ပစ္စည်းတွေကို ပါးစပ်ထဲထည့်တာက သင့်ကလေးအတွက် သင်ယူလေ့လာခြင်းတစ်ခုဖြစ်တာကြောင့် သင့်အနေနဲ့ အဲ့ဒါကိုတားဆီးလို့တော့မရပါဘူး။ လေ့လာလေလေ တတ်မြောက်လေလေဖြစ်တဲ့ သင့်ကလေးငယ်ရဲ့ သင်ယူခြင်းခရီးစဉ်မှာ သင်သတိရမယ့်အရာလေးတွေကတော့

  • ပါးစပ်ထဲဝင်သွားနိုင်တဲ့ အရာဝတ္ထုလေးတွေကို ကလေးအနားမှာ မထားဖို့
  • မာလွန်းပြီး ရှနိုင်မယ့်အရာလေးတွေ မဖြစ်ဖို့
  • ရောဂါပိုးတွေကူးစက်နိုင်မယ့် အရာဝတ္ထုလေးတွေ မဖြစ်ဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့် သင့်ကလေးငယ်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သင်ယူလေ့လာဖို့ အထောက်အကူပြုနိုင်မယ့် နေအိမ်လေးကိုဖန်တီးပေးဖို့အတွက်…

  • ကြမ်းပြင်တွေကို သန့်ရှင်းအောင်ထားပါ။
  • ကလေးရဲ့ အသုံးအဆောင်တွေ၊ ကစားစရာတွေကို ရောဂါပိုးမွှားတွေကင်းစင်အောင် ဂရုစိုက်ပေးပါ။
  • ကစားနေတဲ့ သင့်ကလေးရဲ့ ဘေးမှာ လူကြီးတစ်ယောက် စောင့်ကြည့်ပေးပါ။

တွေ့ကရာကိုပါးစပ်ထဲထည့်နေတဲ့ ဘေဘီလေးကြောင့် စိတ်ညစ်နေတယ်ဆိုရင်၊ အဲ့ဒါက စိတ်ညစ်စရာ၊ အနှောက်အယှက်ဖြစ်စရာမဟုတ်ဘူးဆိုတာ သိထားပေးပါနော်။ ဘေးအန္တရာယ်ကင်းဖို့နဲ့ ရောဂါပိုးမွှားတွေ ကူးစက်မခံရအောင်သာ ဂရုစိုက်ပါ။

သင့်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့် ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။