အချစ်ရဆုံးလူတစ်ယောက်ကို မေ့ပစ်ဖို့ ကြိုးစားရတဲ့အခါ….

အချစ်ရေးတစ်ခုပြတ်စဲသွားတာနဲ့ သူ့အပေါ်ထားရှိတဲ့ အချစ်တွေပါ တစ်ခါတည်း သေဆုံးသွားတာမဟုတ်ပါဘူး။ အချစ်ဆိုတာ အလွယ်တကူ ပျောက်ပျက်မသွားနိုင်တဲ့ အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလို့ရပေမယ့် ကိုယ့်နှလုံးသားကိုတော့ လိမ်ညာလို့မရပါဘူး။

ကိုယ် မြတ်မြတ်နိုးနိုးချစ်ခဲ့ရသူတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ဆိုတာ တကယ်ခက်ခဲတဲ့အလုပ်ပါ။ ဒါပေမဲ့ လက်တွေ့ကျကျစဉ်းစားပြီးတော့ သူ့အကြောင်းကို သိပ်မတွေးပါနဲ့တော့။ အလေ့အကျင့်ဖြစ်လာတဲ့အခါ သူ့အကြောင်းတွေးတောတာမျိုးက ဘာမှနာကျင်မှုမရှိစေတော့ဘူး ဆိုတာ သိလာမှာပါ။ ကိုယ် သိခဲ့ရသမျှမှာ သူက အကောင်းဆုံးသူတစ်ယောက်ဖြစ်ခဲ့ရင်တောင် အတိတ်က အတိတ်ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူ့အကြောင်းတွေးမိတိုင်းခံစားနေရတဲ့ နာကျင်မှုတွေကို ထိန်းချုပ်နိုင်မှသာ စိတ်ကူးထားသမျှ အိပ်မက်တွေအားလုံးက လက်တွေ့ဖြစ်မလာနိုင်တော့ဘူးဆိုတာကို မေ့ထားနိုင်မှာပါ။ သူ့ကို လက်လွှတ်လိုက်ရတာက နာကျင်စရာကောင်းပေမဲ့ ဒီနာကျင်မှုဟာ တစ်သက်လုံးဖြစ်နေမှာမဟုတ်ပါဘူး။ အချိန်ဆိုတဲ့ သမားတော်ကြီးရဲ့ ကုစားမှုအောက်မှာ အရာအားလုံးကို ကျော်ဖြတ်သွားနိုင်မှာပါ။ အခုခံစားနေရတဲ့ ခံစားချက်တွေအားလုံးဟာ ကိုယ် ဘယ်လောက်ချစ်နိုင်တယ်ဆိုတာကို ပြရုံသက်သက်မို့ ကိုယ့်ဘဝကိုယ် ရေစုန်မျောမိတာမျိုး မဖြစ်ပါစေနဲ့။ ဘာလို့လဲဆိုတော့ မစစ်မှန်တဲ့အချစ်ရေးတစ်ခုအဆုံးသတ်သွားတဲ့အခါ နှလုံးသားမှာ နောက်ထပ်အချစ်လည်း ပြန်ပေါက်ဖွားလာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီအချိန်ကျရင် လက်ရှိနာကျင်ခံစားရတာတွေဟာ အမှတ်တရသက်သက်အနေနဲ့ပဲ နှလုံးသားထဲ သိမ်းဆည်းကျန်ရစ်ခဲ့တော့မှာပါ။ ဒါကြောင့် လက်ရှိအချိန်မှာ အသည်းကွဲဝေဒနာကြောင့် ကိုယ့်ကိုယ်ကိုယ် ရေစုန်မျောမခံဘဲ အကောင်းဆုံးရှင်သန်လိုက်ပါ။

စိတ်ဓာတ်ခွန်အားတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE ပေးပါဦး။