သူ့ကို အချစ်စစ်နဲ့ တကယ်ချစ်မိနေပြီလား

၁။ အနီးနားမှာ သူရှိနေရင် စိတ်ထဲကနေ နွေးထွေးလုံခြုံမှုကို ခံစားရတယ်ဆိုရင်

၂။ သူ့ကြောင့် ပျော်ရွှင်နေတတ်ပြီဆိုရင်

၃။ သူ့ကြောင့် စိတ်ဓာတ်ခွန်အားတွေဖြစ်လာပြီး ကြိုးစားချင်စိတ်ပေါ်လာပြီဆိုရင်

၎။ သူ့ကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို ကျေနပ်နေတတ်ပြီဆိုရင်

၅။ သူ့ရဲ့ ကိုယ်သင်းနံ့လေးတွေမှာ ယစ်မူးနေတတ်ပြီဆိုရင်

၆။ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် “စိတ်ချမ်းသာ ကိုယ်ကျန်းမာ” ဖြစ်လာပြီဆိုရင်

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ မသိစိတ်ကနေ သူ့ကို တမ်းတတတ်နေပြီဆိုရင်

၈။ သူနာကျင်ရတိုင်း ကိုယ်ပါခံစားတတ်နေပြီဆိုရင်

၉။ ဝမ်းနည်းအားငယ်တိုင်း သူ့ကိုဖက်ပြီး ငိုချင်တယ်ဆိုရင်

၁ဝ။ သူ့မျက်နှာမြင်လိုက်ရတာနဲ့ အလိုလို စိတ်အေးချမ်းသွားရတယ်ဆိုရင်

၁၁။ တွေ့နေကျအချိန် သူ့ကိုမတွေ့ရရင် အလိုလိုလွမ်းမိနေတတ်ပြီဆိုရင်

သေချာတယ်… သင်သူ့ကို တကယ်ချစ်မိနေပါပြီ။

လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ နှလုံးသားကနေ ဦးနှောက်ကို သတင်းပို့ပါတယ်။ ဦးနှောက်ကနေ အာရုံကြောတွေဆီကို ပြန်သတင်းပို့ပြီး ရင်ခုန်တာတွေ၊ စိတ်လှုပ်ရှားတာတွေ စတဲ့အပြောင်းအလဲတွေက အလိုလိုဖြစ်လာပါတယ်။ ဒါကြောင့် ဒီလို အခြေအနေတွေဖြစ်နေပြီဆိုရင် သင်သူ့ကို တကယ်ချစ်တာ သေချာနေပါပြီနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။