ဒုတိယမြောက်ကလေးတွေက ပထမကလေးထက် ပိုပြီး ကံကောင်းကြလား။

blank
ဂန္ထဝင်စာချစ်သူ မေမေတို့ရေ….။

သင့်ဘဝထဲကို ပထမဦးဆုံး ဝင်လာတဲ့ သားဦးလေးဟာ သင့်ဘဝအတွက် အမှတ်တရတွေ များစွာပေးခဲ့တယ်။ ပထမအကြိမ်မိခင်တစ်ယောက်ဖြစ်စဉ်တုန်းက ရင်ခုန်စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွှင်ခြင်းတွေ ခံစားခဲ့ရတယ်။

  • အတွေ့အကြုံရှိပြီးဖြစ်တဲ့အတွက် ကလေးကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီ။
  • ပထမကလေးမှာတုန်းက ချီတုံချတုံဖြစ်ခဲ့ပေမယ့် ဒုတိယကလေးကို ထိန်းကျောင်းတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ပြုစုပျိုးထောင်ပေးနိုင်ပါပြီ။
  • ပထမကလေးမှာတုန်းက အိမ်ထောင်ဖက်နဲ့ မိမိကြားမှာ လုပ်ငန်းတာဝန်ကို ခွဲဝေလုပ်ဆောင်တတ်ဖို့ မစွမ်းဆောင်နိုင်သေးပါဘူး။ ဒုတိယကလေး ရလာတဲ့အခါမှာ မိခင်နဲ့ဖခင်က တာဝန်တွေကို ဘယ်လိုထမ်းဆောင်ရမလဲဆိုတာကိုလည်း နားလည်နေတဲ့အတွက် ကလေးအတွက် လိုအပ်ချက်တွေကို ကောင်းကောင်းဖြည့်ဆည်းပေးနိုင်ပါပြီ။
  • ပထမကလေးကို ပြုစုပျိုးထောင်စဉ်တုန်းက အမှားတွေကို ကြည့်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားတဲ့အတွက် ကလေးကိုပိုမိုဂရုစိုက်နိုင်ပြီ။
  • ကလေးရဲ့ ဝေယျာဝစ္စတွေကို စိတ်ပူပန်မှုနည်းစွာနဲ့ ဆောင်ရွက်ပေးနိုင်ပြီ။ ငိုတဲ့ပုံစံ၊ အမူအယာတွေကိုကြည့်ပြီး လိုအပ်တာတွေကို ဆောင်ရွက်ပေးနိုင်ပြီ။
  • ကလေးတွေကို ဂရုစိုက်ရင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်း အရေးကြီးတယ်ဆိုတာကို နားလည်လာပြီ။ အိမ်အလုပ်တွေကို ဘယ်အချိန်မှာ လုပ်ရမယ်၊ ဘယ်အချိန်တွေမှာ နားရမယ်ဆိုတာကိုလည်း သိလာပြီ။
  • ကလေးထိန်းတဲ့အခါ ပိုကောင်းမယ့်နည်းလမ်းတွေကိုလည်း သိလာပြီ။ အမြင်တွေပိုကျယ်လာပြီ။
  • ပထမကလေးရဲ့ အကူအညီကို ယူပြီး ဒုတိယကလေးကို ထိန်းကျောင်းနိုင်မယ့် နည်းလမ်းတွေကို သိလာပြီ။

စာချစ်သူတို့ရေ…။

မိခင်ရဲ့မေတ္တာဆိုတာ ပထမကလေးနဲ့ ဒုတိယကလေးအပေါ် ခွဲခြားမှုမရှိတဲ့အတွက် နှစ်ဦးစလုံးကတော့ ချစ်ခြင်းမေတ္တာကို အတူတူပဲရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ အတွေ့အကြုံရှိလာတဲ့အခါမှာ ပြုစုပျိုးထောင်ပေးရတဲ့ ဒုတိယကလေးကတော့ နည်းနည်းလေးပိုကံကောင်းတာ အသေအချာပါပဲ။ သင်ကော အဲ့ဒီစကားလေးကို လက်ခံလား။ အမြင်လေးကို မျှဝေပေးပါဦး။

သင့်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့် ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။