အချစ်ရေးတစ်ခုမှာ ထားသင့်တဲ့ ကိုယ်ပိုင်ကန့်သတ်ချက်အကြောင်း ညီမလေးသိစေဖို့

blank

ညီမလေးရေ….

ကန်တစ်ကန်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့အတွက် ဆိုရင် စနစ်ကျတဲ့ တည်ဆောက်ပုံတွေလိုသလိုပဲ ကာရံထားတဲ့ ဘောင်တွေက ခိုင်မာတည်တံ့ဖို့လိုတယ်ဆိုတာ ညီမလေးသိတယ်ဟုတ်။ အဲဒီလိုပဲ အောင်မြင်တဲ့လူတွေဟာလည်း လုပ်ငန်းခွင်မှာ၊ လူမှုအသိုင်းအဝိုင်းမှာ၊ အချစ်ရေးမှာ ကိုယ်ပိုင်ကန့်သတ်ထားတဲ့ နယ်နိမိတ်စည်းမျဉ်းဘောင်လေးတွေ ရှိတတ်ကြတယ်ညီမလေး။ ဘာအကြောင်းကြောင့်မှ တစ်ဖက်လူကို ကျော်ခွင့်မပေးတဲ့ ကိုယ်ပိုင်ကန့်သတ်ချက်နယ်နိမိတ်ပေါ့။ အကာအရံကောင်းတဲ့ ရေကန်ကရေတွေဟာ အလဟဿဖြုန်းတီးမှုမရှိသလိုပဲ စည်းဘောင်တွေကို ထိန်းသိမ်းတတ်တဲ့လူတွေဟာ ကိုယ့်ကိုယ်လည်း လေးစားသလို သူတစ်ပါးတွေရဲ့ ယုံကြည်လေးစားမှုကိုလည်း ခံရတတ်တယ်ညီမလေး။

အထူးသဖြင့် အချစ်ရေးတစ်ခုမှာ ကန့်သတ်ထားတဲ့ ကိုယ်ပိုင်နယ်နိမိတွေကို သေချာသတ်မှတ်ထားတာဟာ အချစ်ရေးတွေကို ခိုင်မာတည်တံ့စေတယ်။ အပြန်အလှန်လေးစားမှုရှိတဲ့ အချစ်ရေးတွေ ပိုပြီး ခိုင်မာတာဟာ သဘာဝပဲ မဟုတ်လား ညီမလေး။ လွတ်လပ်မှုဆိုတာ အချစ်ရေးတစ်ခုကို အခိုင်မြဲဆုံးချည်နှောင်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းပါ။ ညီမလေးရဲ့ ချစ်သူက  လိုတာထက်ပိုပြီး လွှမ်းမိုးချုပ်ကိုင်တတ်တယ် ကိုယ်ရေးကိုယ်တာ ကိစ္စတွေတိုင်းမှာ ဝင်ပြီးဆုံးဖြတ်ချက်ချပေးတတ်တယ်ဆိုရင် ညီမလေးရဲ့ အချစ်ရေးက မှန်ကန်တဲ့အချစ်ရေးမဟုတ်သေးဘူး။

ဒါကြောင့် ညီမလေးကို အချစ်ရေးတစ်ခုမှာ ရှိသင့်တဲ့ ကန့်သတ်ချက်လေးတွေကို ပြောပြချင်တယ်။

၁။ ညီမလေးအနေနဲ့ တည်ဆောက်ထားရမယ့် စဉ်းမျဉ်းလေးကတော့ ညီမလေး လက်မခံနိုင်တဲ့ အပြုအမူအပြောအဆိုတွေကို ကြိကြိုတင်သတ်မှတ်ထားဖို့ပါ။

၂။ အချစ်ရေးတိုင်းမှာ ကတောက်ကဆလေးတွေ ကြုံတွေ့ရတာ သဘာဝပါ။ စကားများရန်ဖြစ်တဲ့အခါ ကိုယ်ထိလက်ရောက် မဖြေရှင်းဖို့ ရိုင်းရိုင်းပြပြ မပြောဆိုဖို့ အစကတည်းက သဘောတူညီမှုယူထားပါ။

၃။ ချစ်သူဆိုတာ ဘဝအတွက် အရေးအကြီးဆုံးလူုဖြစ်ပေမဲ့ မိသားစုတွေ၊ လူမှုရေးတွေအတွက် အချိန်ပေးဖို့လိုအပ်သလို တစ်ကိုယ်ရည်တကာယအတွက်လည်း အချိန်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ လူမှုကွန်ယက်တွေ ခေတ်စားလာတဲ့ ယနေ့ခေတ်မှာ စုံတွဲအများစုဟာ ချစ်သူနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်တတ်ကြပါတယ်။ ညီမလေးအနေနဲ့ ချစ်သူနှစ်ဦးနဲ့ ပတ်သက်တဲ့အရာတွေကို ညီမလေးဆန္ဒတစ်ခုတည်းနဲ့ facebook မတင်မိဖို့သတိပြုပါ။  ညီမလေးချစ်သူကိုလည်း အလားတူပဲ စောင့်ထိန်းလိုက်နာစေပါ။

၅။ ချစ်သူရဲ့ facebook password တောင်းတာ၊ ဒိုင်ယာရီကို ဖတ်ကြည့်တာ၊ ဖုန်း မက်ဆေ့ဂ်ျတွေဖတ်ကြည့်တာတွေဟာ ကိုယ်ရေးကိုယ်တာကို ထိပါးနှောင့်ယှက်ခြင်းတစ်မျိုးပဲ ညီမလေး။ တစ်ဦးရဲ့ကိုယ်ရေးကိုယ်တာကို တစ်ဦးစောင့်ထိန်းတတ်တဲ့ အကျင့်ကိုမွေးမြူပါ။

၆။  ညီမလေးရေ.. ချစ်သူနားမှာ တစ်ချိန်လုံး တွယ်ကပ်နေမယ်၊ ဖုန်းတွေတစ်ချိန်လုံးဆက်နေမယ်ဆိုရင်  အချိန်ကြာလာတဲ့အခါ စိတ်ပျက်ငြီးငွေ့လာမှာနော်။ ဒါကြောင့် တစ်ခါတလေမှာအဝေးကနေ နေကြည့်ပြီး ချစ်သူကိုလွမ်းလာအောင် ပြုစားကြည့်ကြပါ။

ညီမလေးတစ်ယောက်.. သာယာပျော်ရွှင်တဲ့ Relationship တစ်ခုရဲ့ သော့ချက်ဖြစ်တဲ့ ကန့်သတ်ချက်တွေကို စနစ်တကျတည်ဆောက်နိုင်ပါစေ။