အိမ်ထောင်ရေးဆိုတာ အပြောင်းအလဲတွေကြား မပြောင်းလဲတဲ့အချစ်သစ်တွေနဲ့ အမြဲချစ်နေခြင်းပါ။

စာချစ်သူတို့ရေ…

လောကကြီးက အမြဲတမ်းပြောင်းလဲနေသလို လူတွေကလည်း အမြဲပြောင်းလဲနေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ တွေ့ကြုံရသမျှတွေအပေါ် သင်ယူရင်း သင်ခန်းစာတွေယူရင်း ဘဝကို ပြောင်းလဲ ရှေ့ဆက်ကြရတာကြောင့် ဖြစ်ပါတယ်။

ကျွန်မတောင်မှ လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းက လူတစ်ယောက်မဟုတ်တော့ပါဘူး။ အိမ်ထောင်မ ကျခင်က ကျွန်မဘဝက အပူအပင်ကင်းပြီး ပျော်စရာအတိပြီးခဲ့ပါတယ်။ ဘာတာဝန်၊ ဝတ္တရားတွေမှ လည်း မရှိခဲ့ဘူး။ အမေ့အိမ်ဆိုတာ ကျွန်မအတွက် လိုတရဘဝပါပဲ။ ကျွန်မအပေါ် မှီခိုနေတဲ့သူတွေ လည်း တစ်ယောက်မှ မရှိခဲ့ဘူး။ ကျွန်မပူစရာဆိုလို့ ကျွန်မအတွက်ပဲ ရှိခဲ့တယ်။ ဆုံးရှုံးစရာလည်း မရှိ ခဲ့ဘူး။

အခုတော့ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ကျွန်မမှာ ပူပန်စရာတွေလည်း အများကြီးပါ ပဲ။ ကျွန်မအပေါ် အစစအရာရာ မှီခိုနေကြတဲ့ ကလေးလေးယောက်လည်း ရှိနေခဲ့ပြီ။ မိသားစု စီးပွား ရေးအတွက် ပူရတယ်။ ကျန်းမာရေးအတွက် ပူရတယ်။ အိမ်မှုကိစ္စတွေနဲ့ ကလေးတွေရဲ့ ပညာရေးကို ပူရတယ်။ ကလေးတွေ ဘာလုပ်နေလဲ။ ဗိုက်ဆာနေကြပြီလား။ မီတာခ ဘယ်အချိန်ဆောင်ရမှာလဲ။ အဝတ်တွေ လျှော်ရမယ်။ ကလေးတွေကို အိမ်စာဝိုင်းလုပ်ပေးရဦးမယ်။

ဒါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေတွေအားလုံးရဲ့အပူတွေပဲ ဖြစ်မှာပါ။

ဒါပေမဲ့ ဒီဘဝလေးကိုလည်း ဘာအတွက်နဲ့မှ ပြောင်းလဲမပစ်နိုင်ပါဘူး။ ကျွန်မ ခင်ပွန်းကို ကျွန် မချစ်တယ်။ ကျွန်မတို့ဖန်တီးခဲ့တဲ့ မိသားစုဘဝလေးကိုလည်း အများကြီးချစ်ပါတယ်။ ကျွန်မရဲ့ မိသား စုဟာ ကျွန်မအတွက် အရာရာပါပဲ။ အိမ်ထောင်သက်တွေကြာလာတော့ အချစ်မပြယ်ဘဲ အိမ်ထောင် ရေး အမြဲသာယာစေမယ့် အချက်လေးတွေကိုလည်း သိလာခဲ့ပါပြီ။

တစ်ခါတလေလည်း လက်ထပ်ပြီးခါစ ပျော်စရာအချိန်လေးတွေကို လွမ်းမိပေမဲ့ အခုအချိန်နဲ့ လဲမလားဆိုရင်တော့ မလဲနိုင်ပါဘူး။

အခြေအနေတွေဆိုတာ အမြဲတမ်းပြောင်းလဲနေပါတယ်။ ကျွန်မတို့နှစ်ယောက်တွေ့ဆုံချိန်မှာ ကျွန်မရဲ့ဘဝပြောင်းလဲခဲ့တယ်။ လက်ထပ်ချိန်မှာလည်း နောက်ထပ်တစ်ဆစ်ချိုး ပြောင်းလဲရပြန်တယ်။ ကိုယ်ဝန်ရချိန်၊ ကလေးရပြီးချိန်တွေမှာလည်း နောက်ထပ်ပြောင်းလဲပြန်တယ်။ ချစ်ရသူတွေကို ဆုံးရှုံး ရချိန်၊ နေမကောင်းနေချိန်၊ ငွေကြေးကြပ်တည်းချိန်တွေမှာလည်း အပြောင်းအလဲတွေ ကြုံရတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သေချာတာကတော့ အဲ့ဒီအပြောင်းအလဲတွေကို ကျွန်မတို့ တားဆီးလို့မရပါဘူး။ တည်ထောင် ပြီးတဲ့ ဒီအိမ်ထောင်လေးတစ်ခု သာယာဖို့ဆိုရင် အပြောင်းအလဲတွေနဲ့အတူ အတူတူပြောင်းလဲ တိုး တက်အောင် ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ ပြီးတော့ လက်ထပ်ခြင်းဆိုတာ ထောင်ပေါင်းများစွာသော လူ တွေကို ချစ်တာမဟုတ်ပါဘူး။ လူတစ်ယောက်တည်းကိုပဲ ထောင်ပေါင်းများစွာသော နည်းလမ်းတွေနဲ့ ချစ်ရတာ ဖြစ်ပါတယ်။

အဲ့ဒီလိုချစ်နေဖို့ဆိုရင် ဇနီးမောင်နှံနှစ်ယောက်ကြားမှာ…

၁။ စကားများများပြောပါ။

၂။ တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးပါ။

တစ်ယောက်နဲ့တစ်ယောက်အမြဲဆက်သွယ်မှုရှိနေခြင်းက တစ်ယောက်အကြောင်း တစ် ယောက် ပိုသိစေပါတယ်။ အပြောင်းအလဲတွေက အမြဲရှိနေတဲ့အတွက် ကျွန်မတို့ အိမ်ထောင်ဖက် တွေလည်း ပြောင်းလဲမယ်။ ကျွန်မတို့လည်း ပြောင်းလဲနေကြမှာပါ။ ဒါပေမဲ့ အတူတူ ပြောင်းလဲတိုး တက်အောင်ကြိုးစားကြခြင်းဖြင့် တစ်သက်လုံးပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မှာပါ။

သင်ကော ဘယ်လိုမြင်လဲ။