အချစ်ရေးမှာ လျစ်လျူရှုမထားသင့်တဲ့အရာ (၆) ခု

သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လျစ်လျူမရှုထားသင့်ပါဘူးနော်။

၁။ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာလွန်းနေခြင်း။

ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်အချိန်တွေပေးတယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ဝေးကွာလွန်းတာကတော့ အဆင်မပြေမှုတွေပဲ ယူဆောင်လာပါလိမ့်မယ်နော်။

၂။ လိုတာထက် ပိုတွယ်ကပ်နေခြင်း။

နှစ်ယောက်အတူရှိခြင်းက ကောင်းပေမယ့် မိုးလင်းမိုးချုပ် အမြဲတမ်းတတွဲတွဲရှိနေခြင်းကတော့ ရေရှည်ကျရင် နှစ်ယောက်လုံးအတွက် လူမှုရေးမှာကော၊ စီးပွားရေးမှာပါ ထိခိုက်လာပါစေလိမ့်မယ်။

၃။ မိသားစု၊ သူငယ်ချင်းတွေကြား သွေးခွဲဖို့ ကြိုးစားနေခြင်း။

တကယ်လို့ သင့်ချစ်သူဟာ သင့်မိသားစုတွေ၊ သူငယ်ချင်းတွေကို အမြဲတမ်းငြူစူနေမယ်။ သူတို့နဲ့ အတူတူ တွဲသွားတွဲသွားလုပ်တာလည်း မကြိုက်ဘူးဆိုရင် ဒီအချစ်ရေးကို အမှန်တကယ် ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အနာဂတ်ရည်မှန်းချက်တွေကွဲလွဲခြင်း။

တကယ်လို့ သင်ဟာ အောင်မြင်တဲ့အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အနာဂတ်ရည်မှန်းချက်တွေ၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာရေးတွေနဲ့ ပတ်သက်ပြီး သဘောတူညီမှုရှိသင့်ပါတယ်။

၅။ ချစ်သူက သင့်ကိုယ်သင် မကောင်းဘူးလို့ ထင်မြင်ခံစားရစေခြင်း။

ဘယ်သူ့မှာမှ သင့်ကိုယ်သင်မကောင်းဘူးလို့ ထင်မြင်ခံစားရစေအောင် လုပ်ခွင့်မရှိပါဘူး။ တကယ်လို့ သင့်ချစ်သူဟာ သင့်စားပုံသောက်ပုံ၊ ဝတ်ပုံစားပုံ၊ အလုပ်တွေနဲ့ ပတ်သက်ပြီး သင့်ကိုယ်သင် မကောင်းသလို ခံစားမိစေမယ်ဆိုရင် သင် ကြိုးစားတည်ဆောက်ထားရတဲ့ဘဝထက် သင့်ချစ်သူကို စွန့်လွှတ်လိုက်ရမယ့်အချိန်ပါပဲ။

၆။ အနာဂတ်အကြောင်းတိုင်ပင်ဖို့ ငြင်းဆန်ခြင်း။

သင်က သင့်ချစ်သူကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီး အစီအစဉ်တွေချ၊ ဘဝရည်မှန်းချက်တွေကို နှစ်ကိုယ်တူ တိုင်ပင်ချင်ပေမယ့် သင့်ချစ်သူက တစ်ချိန်လုံး ရှောင်လွဲနေမယ်ဆိုရင်တော့ ဒီအချစ်ရေးကို ပေါင်းဖက်ချင်နေတဲ့သူက သင်တစ်ယောက်တည်းဖြစ်နေနိုင်တာကို သတိပြုလိုက်ပါ။

စာချစ်သူတို့ကော ဒီအချက်လေးတွေကို လျစ်လျူရှုထားမိနေပြီလား။