ကလေးတွေကို အချိန်ပေးပါ။

blank

ဖေဖေမေမေတို့ရေ…

ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ မိဘတွေအနေနဲ့ ကလေးတွေကို အချိန်ပေးခြင်းက

  • မိသားစုကြား နက်ရှိုင်းတဲ့ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်စေပါတယ်။
  • ကလေးတွေရဲ့ဘဝအတွက် မမေ့နိုင်စရာ အမှတ်တရတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
  • ကလေးတွေရင်ထဲ အချစ်ခံရခြင်းရဲ့နွေးထွေးလုံခြုံမှုကို ခံစားရစေပါတယ်။
  • မိဘတွေနဲ့အတူ ပျော်စရာလှုပ်ရှားမှုတွေမှာ အတူပါဝင်ခြင်းအားဖြင့် သင်ယူတတ်တဲ့ အလေ့အထကို လည်း စတင်ပျိုးထောင်ပေးရာရောက်ပါတယ်။

ဒါ့အပြင် မိသားစုဝင်အချင်းချင်းကြားမှာလည်း စည်းလုံးနွေးထွေးမှုနဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးကို တည် ဆောက်နိုင်စေပါတယ်။ သင်တို့မိသားစုမှာကော ခိုင်မြဲတဲ့မိသားစုဆက်ဆံရေးကို ဘယ်အချက်လေးတွေနဲ့ တည်ဆောက်ထားဖြစ်ကြလဲ။ မျှဝေခဲ့ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။